Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်တွင် စစ်ကောင်စီတပ် က မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

(ညောင်လှကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)
(ညောင်လှကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)

▪️ညောင်လှ၊ နများ၊ ယဉ်ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး မူးရိုးကုန်းရွာကို စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့နှင့် ယနေ့နံနက်အတွင်း ညောင်လှ၊ နများနှင့် ယဉ်ကျေးရွာမှ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက အသိပေးထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်တွင် စစ်ကောင်စီတပ် က မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“မင်းအောင်လှိုင်ကျွန် အကြမ်းဖက်များက ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းညောင်လှကျေးရွာ ဘုန်းကြီးကျောင်းသီလရှင်ကျောင်းဆောင်များအပါအဝင် နေအိမ် (၆၅)လုံးမီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ မူးရိုးကုန်းကျေးရွာဘက်ကို ဆက်လက် ဦးတည်နေပြီမို့ ပြည်သူအားလုံး ဘေးကင်းကြပါစေ”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များ ဦးတည်စစ်ကြောင်းထိုးလာသည့် ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်လည်း တိုက်တွန်းထား သည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကျေးရွားများကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများ အကြိမ်ကြိမ်စစ်ရှောင်နေကြရသည်ဟု ဆိုသည်။

“စစ်ရှောင်အင်အားဟာလည်း ရွှေဘိုမြို့နယ်/ဒီပဲယင်းမြို့နယ် စစ်ရှောင်များ အင်အားများပြားသည့်အတွက် စစ်ရှောင်များကူညီရေးခက်ခဲဖွယ်အခြေအနေရှိပါတယ်။ တတ်နိုင်သမျှ အကူညီပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက ထုတ်ပြန်သည်။

ထို့အပြင် “ရာဇဝတ်ကောင်မင်းအောင်လှိုင်ကျွန် အကြမ်းဖက်များဟာ ပြည်သူ့နေအိမ်များမှ ခိုးယူရသမျှ ခိုးယူလုယက်ပြီး နေအိမ်များကို မီးရှို့လျှက်ရှိရာ မီးရှို့ခံရ ပြည်သူများ ပြန်လည်ထူထောင်ရေးပင် မလွယ်ကူသေးတဲ့အခြေအနေမှာ ဒုတိယအကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးလျှက်ရှိနေခြင်းဖြစ်ပါတယ်”ဟု ဆက်လက်ဖော်ပြထားသည်။

ယခင်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့၍ ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာ (၃၂)ရွာမှ နေအိမ်ပေါင်း ၁,၀၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။