Connect with us

Hi, what are you looking for?

သတင်း

တပ်စခန်းများအသိမ်းခံရပြီးအထိနာခဲ့သည့် KNU တပ်မဟာ(၃)နယ်မြေရှိ ရွာသုံးရွာအား စစ်ကောင်စီတပ် လေကြောင်းမှတပြိုင်နက် တိုက်ခိုက်

ယမန်နေ့(ဒီဇင်ဘာ ၂ရက်) ညနေပိုင်း၌ ညောင် လေးပင်ခရိုင် ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ် တို့ရှိ ကျေးရွာများသို့ လေကြောင်းမှ တပြိုင်တည်းတိုက်ခိုက်လာခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာသုံးရွာမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေကြောင်းမှ လေးကြိမ် တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂ရက်) ညနေပိုင်း၌ ညောင် လေးပင်ခရိုင် ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ် တို့ရှိ ကျေးရွာများသို့ လေကြောင်းမှ တပြိုင်တည်းတိုက်ခိုက်လာခြင်းဖြစ်သည်။

ဆောထိ (ရွှေကျင်)မြို့နယ် ကဟီးဒေးကျေးရွာ အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ဆောထိ (ရွှေကျင်)မြို့နယ် လယ်ဝါးကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ် ကွီးလားကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် စုစုပေါင်း နေရာ သုံးနေရာအား လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တစ်ပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ဗုံးရှစ်လုံးကြဲချခဲ့ကြောင်း၊ ယင်းအနက် ငါးလုံးသာ ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

လေကြောင်း တိုက်ခိုက်မှုအပြီး ညပိုင်း၌ စစ်ကောင်စီတပ်က ဆောထိမြို့နယ် အမှတ်(၃)ဒေသ ဇလုပ်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း အသိပေးထားသည်။ယနေ့ နံနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်များက အဆိုပါ ကျေးရွာအတွင်းသို့ လက်နက်ကြီးများထပ်မံပစ် ခတ်ခဲ့ကြောင်း KNUက ဆိုသည်။

နိုဝင်ဘာလအတွင်းက ကျောက်ကြီးနှင့်ရွှေကျင်နယ်မှ စစ်ကောင်စီတပ်စခန်း သုံးခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ တစ်ပြိုင်းတည်း တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှာ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာပြီး မကြာခဏထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု အသိပေးထားသည်။

ထို့ပြင် ပြည်သူလူထုကိုပစ်မှတ်ထားပြီး ပြည်သူလူထုနေထိုင်သောကျေးရွာများအတွင်းသို့ ဒရုန်းဖြင့်ကင်းထောက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို စစ်ကောင်စီတပ်က အစဉ်မပြတ်ပြုလုပ်လျက်ရှိသည်ဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ညောင်လေးပင်ခရိုင်ရှိ ရွှေကျင်၊ ကျောက်ကြီး၊ မုန်းမြို့နယ်များမှ ပြည်သူ တစ်သိန်းကျော်ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး ပြည်သူလုထုပေါင်း နှစ်သောင်းကျော်မှာ ယနေ့အချိန်ထိ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု အသိပေးထားသည်။

ပြည်သူလူထုများ အရေးပေါ် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူညီများ လိုအပ်လျက်ရှိသည်ဟုလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

Facebook