Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မြစ်ကြီးနားလမ်းမကြီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦး သေဆုံး

လတ်တလောတွင် ကောလင်းနှင့်ကန့်ဘလူဒေသ၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး ကိုးထောင်ဘို့၊ ​ဇော်ချောင်း၊ကိုင်းမနှင့် ပန်းဆက်ရွာတို့တွင် ရောက်ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားသော မြေမြုပ်မိုင်းတစ်ခုအား တွေံရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားသော မြေမြုပ်မိုင်းတစ်ခုအား တွေံရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ရွှေဘို – မြစ်ကြီးနားလမ်းမကြီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦး ယမန်နေ့က သေဆုံးမှုဖြစ်ခဲ့သည်။

ကောလင်းမြို့နှင့် ကန့်ဘလူမြို့ကြား ရွှေဘို – မြစ်ကြီးနားလမ်းမကြီးဘေးရှိ ဇင်းကျေးရွာမှ အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိပြီး ဒီဇင်ဘာ ၃ရက်နံနက်ပိုင်းက သေဆုံးခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

” မိုင်းကို စစ်ကောင်စီက ပျုစောထီးတွေဆီ အများကြီးပေးထားတယ်။ စစ်ကောင်စီနဲ့ ပျုစောထီးက လမ်းဘေးတွေမှာ မိုင်းတွေ လိုက်ထောင်ထားတယ်။မနေ့ကတော့ ရွာက ဦးတုပ်မိုင်းထိသွားတယ်”ဟု ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဦးတုပ်သည် ဇင်ရွာပတ်ဝန်းကျင်တွင် ရှစ်လခန့်အတွင်းမြေမြုပ်မိုင်းထိ၍ ငါးဦးမြောက် သေဆုံးသူ ဖြစ်သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီနှင့် ပျုစောထီးများသည် အရပ်သားနေရာများကို ပစ်မှတ်ထားပြီး မြေမြုပ်မိုင်းများထောင်ထားသည်ဟု ကောလင်းမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် ကောလင်းနှင့်ကန့်ဘလူဒေသ၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး ကိုးထောင်ဘို့၊ ​ဇော်ချောင်း၊ကိုင်းမနှင့် ပန်းဆက်ရွာတို့တွင် ရောက်ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။