Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနှင့် မလေးရှားတို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲပြုလုပ်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲ လက်မခံကြောင်း ဆန္ဒပြ

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို “အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ပြ​ည်ပရောက် မြန်မာများ စုပေါင်း၍ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ပြီးနောက် စစ်ကောင်စီ၏ ရွေးကောက်ပွဲလက်မခံကြောင်း ဆန္ဒပြခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် သတ္တမအကြိမ်မြောက်အဖြစ် “စစ်အာဏာရှင် စနစ်ဆိုးကြီး အမြစ်ပြတ်ဖို့ PDF ကို ထောက်ပံ့စို့” ခေါင်းစဥ်ဖြင့် နွေဦးတော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာအများအပြား ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့အပြင် မလေးရှားနိုင်ငံ ကာဂျန်းမြို့ရှိ Tenaga National University ကွင်းတွင်လည်း ယနေ့တွင် နွေဦးတော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲလက်မခံကြောင်း ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို “အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၃တွင် စစ်ကောင်စီက ပြုလုပ်ရန် စီစဥ်နေသည့် အတုအယောင်ရွေးကောက်ပွဲအား လက်မခံကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။