Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်ရှိ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းနေပစ်၍ ဒေသခံ လေးထောင်ကျော် တိမ်းရှောင်ရ၊ နေအိမ်လေးလုံး ပျက်စီး

ဒီဇင်ဘာ ၃ရက်နံနက်တွင် ပျဥ်းကတိုးကုန်းကျေးနယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ အင်အား၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဥ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဥ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံ လူထုနေအိမ် လေးလုံး ထိခိုက်ပျက်စီးပြီးဒေသခံ လေးထောင်ကျော် တိမ်းရှောင်နေရသည်ဟု သထုံခရိုင်က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ရက် ည ၉နာရီကျော် နှင့် ည ၁၂နာရီကျော်အချိန်များတွင် သိမ်ဇရပ်အခြေစိုက် (အမတ ၃၁၀)မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ရာ ကျောက်ဖျာဒေသသို့ လက်နက်ကြီး ခုနစ်လုံး ပေါက်ကွဲခဲ့ပြီး ဇီးပြောင်းဒေသ၌ (၉)လုံး ကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

“ဒီလို လက်နက်ကြီးတွေ ရမ်းပစ်ပြီဆို စစ်ကြောင်းထိုးတော့မယ်ဆိုတဲ့သဘောပဲ။ အရင်တုန်းကလဲ ဒီလိုပဲ လက်နက်ကြီးပစ်ပြီးရင် စစ်ကြောင်းထိုး နေကျပဲ”ဟု ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲ တာဝန်ခံ၏ ပြောကြားချက်ကို ဖော်ပြထားသည်။ ထိုသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဒေသခံ ပြည်သူ လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၃ရက်နံနက်တွင် ပျဥ်းကတိုးကုန်းကျေးနယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ အင်အား၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ် သိမ်ဇရက်အခြေစိုက်(အမတ-၃၁၀) နှင် (ခမရ -၂၀၇)မှ လက်နက်ကြီး မကြာခနရမ်းသမ်းပစ်ခတ်မှုများရှိပြီး ဒေသခံအရပ်သားများ စိုးရိမ်ကြောက်လန့်မှုများကြောင့် စီးပွားရေးလုပ်ငန်းများ မလည်ပတ်နိုင်တော့ပဲ စားဝတ်နေရေးအခက်ခဲများရှိနေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် KNUတပ်မဟာ(၁)နယ်မြေသို့ စစ်ဆင်ရေးလုပ်ဆောင်ရန် အင်အားစုဖွဲ့ပြင်ဆင်နေ၍ တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ဒေသခံ KNU တပ်မှူးတစ်ဦးက ယမန်နေ့တွင်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

Facebook