Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားများကို မြေမြှုပ်သည့် မင်္ဂလာဒုံစစ်သင်္ချိုင်းခြံရှေ့လာဘ်ခေါ်ကြောင်ရုပ်ချပြီး လှုံ့ဆော်

လွန်ခဲ့သော လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်းခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ယင်းင်္သချိုင်းတွင် မြုပ်နှံထား​ကြောင်း YRF က ဆိုသည်။

ဓာတ်ပုံ - YRF
ဓာတ်ပုံ - YRF

စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းခေါင်းဆောင် များ သေဆုံးလျှင် မြှုပ်နှံလေ့ရှိသည့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်းရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်အား ယနေ့ (ဒီဇင်ဘာ ၄) နံနက်ပိုင်း၌ Yangon Revolution Force – YRF ၏ Soft Strike Community မှ ရဲဘော်များမှ သွားရောက်ချထားပြီး လှုံ့ဆော်မှုပြုလုပ်ခဲ့သည်။

လွန်ခဲ့သော လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်းခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ယင်းင်္သချိုင်းတွင် မြုပ်နှံထား​ကြောင်း YRF က ဆိုသည်။

ထိုသို့ ချထားခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်း စစ်သင်္ချိုင်းသို့ ရောက်ရှိရန် ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်များအား ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ကာ ထိုသင်္ချိုင်းသို့ မြန်မြန်ရောက်ရှိပြီး ဘဝနိဂုံးချုပ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း YRFက ဖော်ပြခဲ့သည်။

စစ်ခေါင်းဆောင်များ အလျှင်အမြန် အနားယူခွင့်ရစေရန်နှင့် ၎င်းတို့ နားခိုရာသင်္ချိုင်းအား စည်ကားစေလိုသော စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း YRF က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။