Hi, what are you looking for?
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်လက်အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်းတွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှုပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိအောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။