Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပလက်၀မြို့နယ် ချောင်းဆုံကို ၂ ရက်ဆက် ဗုံးကြဲ၊ သေဆုံးထိခိုက်သူ ဆယ်ချီရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရှေ့တန်းကာကင်းစခန်းကြီးတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပလက်၀မြို့နယ် ချောင်းဆုံကို လေယာဉ်အုပ်လိုက်နဲ့ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း ဗုံးဆက်ကြဲခဲ့တာကြောင့် ထိခိုက်၊ သေဆုံးသူ ဒေသခံ ဆယ်ချီရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ချောင်းဆုံကို ဗုံးကြဲပြီးနောက် တွေ့ရတဲ့ မြင်ကွင်း၊ ဓါတ်ပုံ - Victoria Times)

အောက်တိုဘာ ၁၉၊၂၀၂၆၊ ခိုင်မြတ်/People’s Spring။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရှေ့တန်းကာကင်းစခန်းကြီးတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပလက်၀မြို့နယ် ချောင်းဆုံကို လေယာဉ်အုပ်လိုက်နဲ့ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း ဗုံးဆက်ကြဲခဲ့တာကြောင့် ထိခိုက်၊ သေဆုံးသူ ဒေသခံ ဆယ်ချီရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ မနေ့က အောက်တိုဘာလ ၁၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်မှာ ချောင်းဆုံ၀န်းကျင်ကို လေယာဉ် ၅ စီးထက်မနည်းနဲ့ ဗုံးအလုံး ၅၀ ၀န်းကျင် ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇ ဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာပြင်းထန်စိုးရိမ်ရသူ ၄ ဦး ထက်မနည်း ရှိခဲ့ပါတယ်။

အဲဒီနောက် ဒီနေ့မနက် ၁၁ နာရီကျော်အချိန်မှာလည်း ထောက်ပို့လေယာဉ် Y12 ၁စီး၊ တိုက်လေယာဉ် ၂စီး တို့နဲ့ ဗုံးအလုံး ၂၀ ကျော် ထပ်မံလာကြခဲ့တာဖြစ်ပြီး သွားလာနေတဲ့ ကုန်ကားတွေကိုလည်း စက်သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့ညက ၇ ယောက်သေတယ်။ ၄ ယောက်ဒဏ်ရာပြင်းတယ်။ ဒီနေ့စာရင်းတော့ မ ရောက်လာသေးဘူး။ ဝေးလည်းဝေးလို့လေ။ တဆယ်ကျော်၊ နှစ်ဆယ်လောက်ရှိတယ်လို့တော့ လောလောဆယ် သိထားရတယ်” လို့ ပလက် ၀ဒေသခံ အုပ်ချုပ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် ထိခိုက်၊ သေဆုံးသူအရေအတွက် အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

ချောင်းဆုံဟာ ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အကြားမှာတည်ရှိပြီး ကုန်စည်အတင်အချ လုပ်တဲ့ကုန်ဆိပ် တခုဖြစ်ကာ လူစည်းကားတဲ့ဒေသဖြစ်ပါတယ်။

“အရပ်သားတွေချည်းပဲ ကုန်သည်တွေ၊ အလုပ်သမားတွေအများကြီးရှိတယ်။ အဲဒါကို ရည်ရွယ်ချက်ရှိရှိကြဲတာပါ။ မင်းအောင်လှိုင်လက်ထက်မှာ ဘုန်းကြီးလည်း မလွှတ်၊ ဘုရားလည်း မလွှတ်တော့ဘူး” လို့ ပလက်၀ဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခု စစ်တပ်က ဗုံးကြဲတဲ့နေရာဟာ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေဖြစ်ပြီး အဲဒီဒေသမှာ တိုက်ပွဲမရှိတော့တာ ၂နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပတ်လည်ရှိ ရေချမ်းပြင်၊ အမြင့်ကျွန်း၊ နာရီကန်၊ တောကန်ရွာဝန်းကျင်တို့နဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ကိုရင်ဆိုင်နေရပြီး ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ် ရှိနေကာ တပ်စခန်းတွေလည်း လက်လွှတ်နေရပါတယ်။

ဒါ့အပြင် စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကိုလည်း ကမ်းတက်ဖို့ ကြိုး စားနေပြီး AA က ခုခံတိုက်ခိုက်တာကြောင့် အထိနာနေကာ ကမ်းပေါ်ရောက်သွားတဲ့စစ်သားတွေဟာလည်း ဆယ် ချီသေဆုံးနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလိုတိုက်ပွဲအတွင်း အထိနာနေတာကြောင့် အရပ်သားလူနေကျေးရွာတွေကို လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ် ဗုံး ကြဲ၊ သတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ တလကျော်ရှိပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးကာလအတွင်း တပ်စခန်းတွေလက်လွှတ်၊ အထိနာနေ ကာ အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တပ်စွဲပြီး စစ်ရာဇဝတ်မှု​တွေကျူးလွန်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ပါတယ်။

သတင်း

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်(SEANF)ဟာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)ကို ဖိုရမ်ရဲ့အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ မလေးရှားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။