သတင်း တိုက်ပွဲမဖြစ်ဘဲ ကျွန်းလှမြို့နယ် ခဝါသည်ရွာကို စစ်ကောင်စီတပ် ယနေ့ မီးရှို့နေ စစ်ကောင်စီတပ်က ကျွန်းလှ - ကန့်ဘလူအပါအဝင် ဒေသအသီးသီးရှိ ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယင်းသို့လုပ်ဆောင် ခြင်းသည် ပြည်သူကို အကြောက်တရား ပေးလို၍ဟုမြင်ကြောင်း ကျွန်းလှဒေသခံက ပြောသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ကျိုက်မရော တောင်ကလေး ရဲစခန်း စခန်းသိမ်းတိုက်ပွဲပြင်းထန်နေ ထို့အပြင် စစ်ကောင်စီတပ်က အမြောက်တင် သံချပ်ကာ နှစ်စီးဖြင့် ကျိုက်မရောမြို့နယ်ကြံတောကျေးရွာကြာအင်းကွေ့၌ အထိုင်ချ၍ပတ်ပတ်လည် ကျေးရွာများအတွင်းပစ်ခက်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်ပအဖကထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုထပ်တိုး ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ တိုက်ပွဲကြောင့် မုဒုံ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် သွားလာနေကြတဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာနေကြရန် ဒေသခံများက အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း စစ်ကောင်စီ၏ သီးဘွာလ်စခန်းတိုက်ပွဲ ၅ရက်အတွင်း ဒရုန်းဖြင့်အကြိမ် ၃၀၀ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု CNO/CNDF ထုတ်ပြန် စစ်ကောင်စီတပ်က လေကြောင်းအင်အား အလုံးအရင်း အသုံးပြုတုံ့ပြန်လာသော်လည်း စခန်းသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း အင်းတော်တိုက်ပွဲသေဆုံးခဲ့သောတပ်ရင်းမှူးမှာမင်းအောင်လှိုင် မိသားစုကိုယ်ရံတော်လုပ်ခဲ့ဖူးပြီး အလောင်းကိုရဟတ်ယာဉ်ဖြင့်သယ် နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦးထက်မနည်းဒဏ်ရာရပြီး ကစဉ့်ကလျားထွက်ပြေးသွားဟု AA အသိပေး AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ဦးထက်မနည်းသေဟု IR ပြော တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း လားရှိုး နမ့်ပုံဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် MNDAAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင် ဆက်လက်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 18, 2022
သတင်း ဗန်းမောက်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ် စာသင်ကျောင်းကို လေကြောင်းမှတိုက်ခိုက်၊ လူထိခိုက်မှုရှိဟုဆို ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင် ကျောင်းကို နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 17, 2022