Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ဦးထက်မနည်းသေဟု IR ပြော

တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

(ယမန်နေ့ ညနေပိုင်းက အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးထိန်လင်းစံ အလောင်းအား လာရောက်သယ်ယူခဲ့သည့် ရဟတ်ယာဥ်အား တွေ့ရစဉ်၊ဓာတ်ပုံ -IR)
(ယမန်နေ့ ညနေပိုင်းက အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးထိန်လင်းစံ အလောင်းအား လာရောက်သယ်ယူခဲ့သည့် ရဟတ်ယာဥ်အား တွေ့ရစဉ်၊ဓာတ်ပုံ -IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးကြောင်း Indaw Revolution(IR)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

“သေတဲ့ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက်တပ်။သူ့ဇာတိက ဟိုပင်မြို့နယ် တကွင်းရွာက ။နာမည်က ထိန်လင်းစံ။သူက ပထမ မပခတိုင်းမှာနေတယ်၊ပြီးတော့ တရုတ်နယ်စပ်ကန်ပိုင်တီမှာ ဒုရင်းမှူးကိုင်တယ်၊ နောက်ကျ မင်းအောင် လှိုင်အိမ်မှာ မိသားစုလုံခြုံရေးကိုယ်ရံတော်အဖြစ်နဲ့ ရောက်သွားတာကြာပြီ အခုတပ်ရင်းမှူးအဖြစ်နဲ့အင်းတော်ပါလာတာ။မနေ့က ညနေပိုင်းကပဲ သူ့အလောင်းကို လေယာဥ်နဲ့ မြစ်ကြီးနားကို သယ်သွားခဲ့ရတယ်”ဟု IR တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မနော်(KIA)ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ ဆက် လက် ထိုးစစ်ဆင်ခြင်းမရှိတော့ဘဲ ၎င်းတို့အထိုင် တပ်စွဲထားသည့် နေရာသို့ တပ်ဆုတ်ခဲ့ရကြောင်း လည်း သိရသည်။

အင်းတော်မြို့၏ အရှေ့မြောက်ဘက်တွင် အညဏာသိမ်းပြီးနောက်ပိုင်း ရိက္ခာကုန်းအဖြစ် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ယနေ့တွင် တိုက် ပွဲဖြစ်ပွားရာ နေရာများအနီးသို့ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်းလည်း IR က အသိပေးသည်။

(ယမန်နေ့ ညနေပိုင်းက အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးထိန်လင်းစံ အလောင်းအား လာရောက်သယ်ယူခဲ့သည့် ရဟတ်ယာဥ်အား တွေ့ရစဉ်၊ဓာတ်ပုံ -IR)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။