Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ဦးထက်မနည်းသေဟု IR ပြော

တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

(ယမန်နေ့ ညနေပိုင်းက အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးထိန်လင်းစံ အလောင်းအား လာရောက်သယ်ယူခဲ့သည့် ရဟတ်ယာဥ်အား တွေ့ရစဉ်၊ဓာတ်ပုံ -IR)
(ယမန်နေ့ ညနေပိုင်းက အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးထိန်လင်းစံ အလောင်းအား လာရောက်သယ်ယူခဲ့သည့် ရဟတ်ယာဥ်အား တွေ့ရစဉ်၊ဓာတ်ပုံ -IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးကြောင်း Indaw Revolution(IR)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

“သေတဲ့ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက်တပ်။သူ့ဇာတိက ဟိုပင်မြို့နယ် တကွင်းရွာက ။နာမည်က ထိန်လင်းစံ။သူက ပထမ မပခတိုင်းမှာနေတယ်၊ပြီးတော့ တရုတ်နယ်စပ်ကန်ပိုင်တီမှာ ဒုရင်းမှူးကိုင်တယ်၊ နောက်ကျ မင်းအောင် လှိုင်အိမ်မှာ မိသားစုလုံခြုံရေးကိုယ်ရံတော်အဖြစ်နဲ့ ရောက်သွားတာကြာပြီ အခုတပ်ရင်းမှူးအဖြစ်နဲ့အင်းတော်ပါလာတာ။မနေ့က ညနေပိုင်းကပဲ သူ့အလောင်းကို လေယာဥ်နဲ့ မြစ်ကြီးနားကို သယ်သွားခဲ့ရတယ်”ဟု IR တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မနော်(KIA)ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ ဆက် လက် ထိုးစစ်ဆင်ခြင်းမရှိတော့ဘဲ ၎င်းတို့အထိုင် တပ်စွဲထားသည့် နေရာသို့ တပ်ဆုတ်ခဲ့ရကြောင်း လည်း သိရသည်။

အင်းတော်မြို့၏ အရှေ့မြောက်ဘက်တွင် အညဏာသိမ်းပြီးနောက်ပိုင်း ရိက္ခာကုန်းအဖြစ် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ယနေ့တွင် တိုက် ပွဲဖြစ်ပွားရာ နေရာများအနီးသို့ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်းလည်း IR က အသိပေးသည်။

(ယမန်နေ့ ညနေပိုင်းက အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးထိန်လင်းစံ အလောင်းအား လာရောက်သယ်ယူခဲ့သည့် ရဟတ်ယာဥ်အား တွေ့ရစဉ်၊ဓာတ်ပုံ -IR)

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။