Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုထပ်တိုး

ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CNO
စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CNO

▪️လေကြောင်းမှ လက်နက်အင်အားဖြည့်လာ၍ စခန်းသိမ်းနိုင်ရန်ခက်ခဲဟု CNDF စစ်ဦးစီးချုပ် ပြော

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က နိုဝင်ဘာ ၁၅ရက်ကစတင်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ယမန်နေ့ (နိုဝင်ဘာ ၂၀ရက်)အထိတိုက်ပွဲများ နေ့စဉ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CNO
စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ – CNO

ယမန်နေ့တိုက်ပွဲတွင် CNDF ရဲဘော်များ၏ စနိုက် ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ကျည် ၂၀၀ကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း CNDF တပ်ဖွဲ့ဝင် များထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်က အဆိုပါ တပ်စခန်းအား စတင်တိုက်ခိုက်ခံရချိန်မှ ယမန်နေ့အထိ လေကြောင်း ပစ်ကူပေးခြင်း၊ လေကြောင်းမှလူအင်အားနှင့် လက်နက်၊ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းခြင်း ပြုလုပ်နေ၍ သိမ်းပိုက်နိုင်ရန် အခက်အခဲ ဖြစ်ရကြောင်း CNDF စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CNO
စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ – CNO

“လေကြောင်းရန်က အဓိက တက်လာတဲ့အခါကျတော့ ကျနော်တို့မှာ တော်တော်လေး အခက်အခဲဖြစ် တယ်။ လေကြောင်းရန် တစ်ခုတည်းမဟုတ် ဘဲ လေကြောင်းကနေ စစ်ကူထပ်ချတဲ့အခါကျတော့ ကျနော်တို့ ခန့်မှန်းထားသလို လုပ်လို့မရဘူးဖြစ်နေတာ။ ဘာကြောင့်လဲဆို ကျနော်တို့ ပထမ သိထားတာက အဲဒီမှာ ရှိတဲ့ လူဦးရေနဲ့ တွက်ပြီး ပြင်ထားတာ။ အခုအချိန်မှာ သူတို့က ထပ်ချလာတဲ့အခါ ကျနော်တို့မှာ ရှိနေတဲ့ လက်ရှိအင်အားနဲ့ ဆက်သိမ်းဖို့က တော်တော်လေး အခက်အခဲဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်မဆုတ်သေးဘူး။ လူထုဆီကနေ အကူအညီတွေရမယ်ဆိုရင် ရှေ့ဆက်လို့ရမယ်”ဟု ဆလိုင်းပီတာထန်းက ပြောသည်။

အဆိုပါ တပ်စခန်းတွင် ဗိုလ်မှူးဦးစီးသည့် စစ်ကောင်စီအင်အား ၃၀ ကျော်သာရှိသည်ဟုဆိုသည်။

ယင်းသို့ တပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်နိုင်မည့် အင်အားနှင့် လက်နက်ခဲယမ်းကို ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အပြင် မြေပြင်စစ်ကူလာရောက်မှုကို ဖြတ်တောက်နိုင်ရန် ပြင်ဆင်ခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက လေကြောင်းအင်အားအလုံးအရင်းအသုံးပြုလာခြင်း၊ CNDF ရဲဘော်များ ခဲယမ်းမလုံလောက်ခြင်း အခြေအနေများကြောင့် တပ်ဖွဲ့ဝင်များ စခန်းသိမ်းမည့် အစီအစဉ်ကို မလုပ်ဆောင်နိုင်ခဲ့ဟု CNDF စစ်ဦးစီးချုပ်က ပြောသည်။

စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CNO
စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ – CNO

“ကျွန်တော်တို့ စခန်းအထဲထိတောင်ရောက်အောင်သွားခဲ့ပါတယ်။ ကျနော်တို့ တပ်ဖွဲ့တွေ။ ဒါပေမဲ့ ခုဏပြောတဲ့အတိုင်း စစ်ကူတွေထပ်တက်လာတဲ့အတွက် အဲဒီစစ်ကူတွေနဲ့ စခန်းသိမ်းပြီး ပြန်အထွက်မှာ တိုးမှာစိုးလို့ ပြန်လှည့်ခဲ့ရတယ်”ဟု ဆလိုင်း ပီတာထန်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာတွင် ဒေသတွင်း CDF တပ်များအပါအဝင် တော်လှန်ရေးအင်အားစုများက CNDFကို ကူညီပေးခဲ့သည်။

သီးဘွာလ်တပ်စခန်းကို လက်နက်ကြီး၊ လက်နက် ငယ်များ၊ ဒရုန်းများအသုံးပြု တိုက်ခိုက်ခဲ့ရာတိုက်ပွဲ တစ်ပတ်တာ ကာလအတွင်း ဒရုန်းဖြင့် အကြိမ် ၃၀၀ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CNOက အသိပေးထားသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စခန်းရှိ အဆောက်အဦများထိခိုက်ပျက်စီးမှု အခြေအနေ ဓာတ်ပုံများကိုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။