Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ် စာသင်ကျောင်းကို လေကြောင်းမှတိုက်ခိုက်၊ လူထိခိုက်မှုရှိဟုဆို

ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင် ကျောင်းကို နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။

(ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်)
(ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံထုံရွာစာသင် ကျောင်းကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင် ကျောင်းကို နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရသည် ဟု ဖော်ပြသည်။

ထိခိုက်ပျက်စီးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ် ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်ကလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ ဆေးရုံ ၊ဝန်ထမ်းအိမ်ယာနှင့် ခန်းမတို့အား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

(ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်)
(ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်)

အဆိုပါဖြစ်စဉ်မတိုင်မီ အောက်တိုဘာ ၂၀ရက် တွင် လည်း ဗန်းမောက်နယ် မန်ယူးကြီးရွာကို ဆေးပေးခန်းအား စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။