သတင်း ဒေါနတောင်ခြေ တိုက်ပွဲ စစ်ကောင်စီထံမှ သံချပ်ကာယာဉ် ၁စီး သိမ်းရဟု KNLA ပူးပေါင်းတပ်မှ တပ်မှူး အတည်ပြု အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်ကောင်စီက ပြသခဲ့ဖူးသည်။ စစ်ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထားကြောင်းသိရသည်။ LuduNwayOoဧပြီ 22, 2024
သတင်း စစ်ကောင်စီကတိုက်ပွဲမရှိဘဲ ကုန်းသာရွာကို ဗုံးကြဲ၍ ကလေးငယ်နှစ်ဦး အပါအဝင်ပြည်သူ ၆ ဦးသေဆုံး ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး လေးဦး ပါဝင်သည်။ LuduNwayOoဧပြီ 20, 2024
သတင်း မြဝတီမြို့တိုက်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်နေဟု ထိုင်းဝန်ကြီးချုပ်ပြော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။ LuduNwayOoဧပြီ 20, 2024
သတင်း မြဝတီမြို့ အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတွင် တညလုံးတိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။ LuduNwayOoဧပြီ 20, 2024
သတင်း မြန်မာနိုင်ငံကတိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တောင်းဆို မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ LuduNwayOoဧပြီ 19, 2024
သတင်း ကော့ကရိတ်မြို့ပေါ်၌ ယနေ့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေဟု ကျားဖြူစစ်ကြောင်းပြော ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။ LuduNwayOoဧပြီ 18, 2024
သတင်း ဒုတိယဗိုလ်မှူးကြီးတစ်ဦး ရှေ့တန်းလိုက်သွားပြီးနှစ်ရက်အကြာတွင် တိုက်ပွဲ၌ သေဆုံး ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ LuduNwayOoဧပြီ 17, 2024
သတင်း နောင်ချိုမြို့ သရက်ကုန်းရွာ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ လက်နက် ၄၀ကျော်နှင့်ရုပ်အလောင်း ၂၀ကျော်ရဟု မန္တလေး PDF အသိပေး သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဧပြီ 17, 2024
သတင်း ဆီဆိုင်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိများ သေဆုံးထိခိုက်မှုရှိဟု PNLA ပြော စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။ LuduNwayOoဧပြီ 15, 2024
သတင်း ဖားဆောင်းတိုက်ပွဲအတွင်း သေဆုံးဖမ်းမိခဲ့သော စစ်ကြောင်းတွင် စစ်ကောင်စီတပ်ရင်း လေးခုမှ တပ်သားများပါဝင် ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။ LuduNwayOoဧပြီ 13, 2024