Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း)၌ ယနေ့(စက်တင်ဘာ ၃၀ရက်) နံနက်တွင် တိုက်ပွဲပြင်းထန်နေသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း)၌ ယနေ့(စက်တင်ဘာ ၃၀ရက်) နံနက်တွင် တိုက်ပွဲပြင်းထန်နေသည်။

စစ်ကောင်စီ​၏ စွယ်တော်ကုန်းအား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” ကော်ဘရာက ပစ်နေတာထင်တယ်။ တအုန်းအုန်းနဲ့ချနေတာ။ မနေ့က ပြန်ဖြစ်တာ။ မနေ့က လေယာဉ်နဲ့လာပစ်တယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့က တိုက်ပွဲအတွင်း စွယ်တော်ကုန်းရှိ စစ်ကောင်စီ​၏ လက်နက်တိုက်ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ခဲ့သည်ဟု ကြားသိရကြောင်းလည်း အခြားကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ခဲယမ်းတိုက် ဗုံးထိမီးလောင်တယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ရက်ကလည်း အဆိုပါနေရာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက Y-12လေယာဉ်ဖြင့် ဗုံးပတ်ကြဲခဲ့သည်။

စွယ်တော်ကုန်း ယနေ့တိုက်ပွဲဖြစ်ပွားမှုမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကပင် အတိုင်းသားကြားနေရသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။