Connect with us

Hi, what are you looking for?

သတင်း

သီပေါနှင့် နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၁၀၈ရက်မြောက် အောက်တိုဘာ ၁၀ရက် စစ်ရေးအခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာနှင့် နောင်ချိုမြို့ စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း အသိပေးထားပြီး ယခင်နေ့များက တိုက်ပွဲပြင်းထန်ခဲ့သည့် တောင်ခမ်းအခြေစိုက် အမြောက်တပ် မစခ(၉၀၂)တွင် တိုက်ပွဲရှိ၊မရှိ ဖော်ပြမထားပေ။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် သီပေါမြို့သို့ စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၄)ကြိမ်၊ Y12 ဖြင့်(၁)ကြိမ် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

ထို့ပြင် နောင်ချိုမြို့ ဘန့်ဘွေးရွာမှ ရေမောင်းတန်းရွာနှင့် ဂန့်ကော်ရွာသို့လည်း စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် တစ်ကြိမ် ဗုံးသုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y12 ဖြင့်(၁၁)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်ဟု အသိပေးသည်။ စစ်ကောင်စီတပ်သည် ယခင်နေ့များကလည်း ခလရ(၂၃)သို့ လက်နက်ခဲယမ်းများ လေကြောင်းမှ ဖြည့်တင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မော်လူးမြို့သည် အင်းတော်မြို့နယ်၌ပါဝင်ပြီး ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိန်းချုပ်ထားသည်။

သတင်း

စစ်ကောင်စီတပ်ကလည်း စစ်ကူများအဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းပစ်ကူ ပေးတိုက်ခိုက်မှုများရှိသည်ဟုလည်း အသိပေးသည်။

သတင်း

တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

သတင်း

တောင်ကုတ်မြို့နှင့်ရခိုင်ရိုးမခြားလျက်ရှိသော ပြည်မြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိမြို့များ၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိမြို့များကို စစ်ကောင်စီက အင်အားတိုးနေသည်။