အတွေးအမြင် အာရှလမ်းမပေါ်က အဆုံးအဖြတ်တိုက်ပွဲများ ဒီစစ်ဆင်ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီနောင် ကဆုံးရှုံးထားတဲ့ စစ်စခန်းတွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် ထင်တိုင်းတိုးမပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်တော့ စစ်ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။ LuduNwayOoဧပြီ 30, 2024
သတင်း အမ်းမြို့တိုက်ပွဲတွင် AAနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် PIA ရဲဘော်တစ်ဦး ကျဆုံး PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။ LuduNwayOoဧပြီ 28, 2024
သတင်း မိုးမောက်မြို့၌ ယနေ့ တိုက်ပွဲငြိမ်သက်နေ၊ ဒေသခံအများစု ဗန်းမော်သို့ စစ်ရှောင် KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။ LuduNwayOoဧပြီ 23, 2024
သတင်း မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတား၌ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက် တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်ပြေးလာပြီး ခိုလှုံနေခြင်းဖြစ်သည်။ LuduNwayOoဧပြီ 22, 2024
သတင်း ဒေါနတောင်ခြေ တိုက်ပွဲ စစ်ကောင်စီထံမှ သံချပ်ကာယာဉ် ၁စီး သိမ်းရဟု KNLA ပူးပေါင်းတပ်မှ တပ်မှူး အတည်ပြု အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်ကောင်စီက ပြသခဲ့ဖူးသည်။ စစ်ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထားကြောင်းသိရသည်။ LuduNwayOoဧပြီ 22, 2024
သတင်း စစ်ကောင်စီကတိုက်ပွဲမရှိဘဲ ကုန်းသာရွာကို ဗုံးကြဲ၍ ကလေးငယ်နှစ်ဦး အပါအဝင်ပြည်သူ ၆ ဦးသေဆုံး ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး လေးဦး ပါဝင်သည်။ LuduNwayOoဧပြီ 20, 2024
သတင်း မြဝတီမြို့တိုက်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်နေဟု ထိုင်းဝန်ကြီးချုပ်ပြော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။ LuduNwayOoဧပြီ 20, 2024
သတင်း မြဝတီမြို့ အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတွင် တညလုံးတိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။ LuduNwayOoဧပြီ 20, 2024
သတင်း မြန်မာနိုင်ငံကတိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တောင်းဆို မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ LuduNwayOoဧပြီ 19, 2024
သတင်း ကော့ကရိတ်မြို့ပေါ်၌ ယနေ့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေဟု ကျားဖြူစစ်ကြောင်းပြော ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။ LuduNwayOoဧပြီ 18, 2024