သတင်း ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ - ထီးပေါ့ဆို လမ်းပိုင်း လုံးဝအသုံးမပြုရန် နှင့် ယာယီပိတ်ထားမည်ဟု KNDF က ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း လားရှိုးမြို့နယ်တွင် TNLAနှင့် စစ်ကောင်စီ နှစ်ရက်ဆက် တိုက်ပွဲဖြစ် နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 11, 2023
သတင်း သမင်အင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ကျော်သေဟု NUG အတည်ပြု တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁လက်၊ ဒရုန်းပစ် တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ (၆၀) မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း သမင်အင်းကုန်းရွာအနီးတိုက်ပွဲ စစ်သား ၃၀ ကျော်သေပြီး လက်နက် ၂၀ ကျော်ရရှိဟု တော်လှန်ရေးအဖွဲ့ပြော ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က ယခုလ(သြဂုတ်)၃ ရက်တွင် ပထမအကြိမ်စစ်ကြောင်းထိုးခဲ့စဥ်ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေ၊ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း လွိုင်ကော်မြို့တိုက်ပွဲ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် ၉ ဦးသေဟုဆို တိုက်ပွဲအတွင်း စစ်ကောင်စီမှ တပ်ကြပ်ကြီး စိုးလှိုင်၊ တပ်ကြပ်လွင်ဦးတို့အပါဝင် ၉ဦ သေဆုံးခဲ့ပြီး ၁၂ဦးထက်မနည်းအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ကရင်နီတပ်မတော်(KA)၏ သတင်ရင်းမြစ်က အသိ ပေးသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း စစ်ကောင်စီအကြပ်အတည်းကြုံနေချိန်နှင့် တစ်နိုင်ငံလုံးတိုက်ပွဲဝင်နေချိန်ဖြစ်၍ အားလုံး လက်တွဲတော်လှန်ကြရန် KIOဥက္ကဋ္ဌ တိုက်တွန်း ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းပါ အဓိကအချက်မှာ စည်းလုံးညီညွတ်ရန်လိုအပ်သည့် အကြောင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 10, 2023
သတင်း အသက်ပေးတိုက်ပွဲဝင်ရ၍ ပြည်သူ့ထက်ပိုမြင့်သည်ဟုအတွေးရှိပါက ခေါင်းထဲကဖယ်ထုတ်ရန် PDFများအား ကာကွယ်ရေးဝန်ကြီး မှာကြား ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် (၂)သင်တန်းသား ရဲဘော်များသို့ ပြောကြားသည့် ကာကွယ်ရေးဝန်ကြီး၏ အမှာစကားကို ယနေ့(ဩဂုတ် ၉ရက်) ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 9, 2023
သတင်း ဒီးမော့ဆိုမြို့အရှေ့ခြမ်းတိုက်ပွဲ KNDF ရဲဘော်တစ်ဦးကျဆုံး လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ - ထီးပေါ့ဆိုလမ်းပိုင်း လုံးဝအသုံးမပြုရန်နှင့် ယာယီပိတ်ထားမည်ဟု KNDF က အသိပေးထားသည်။ LuduNwayOoဩဂုတ် 9, 2023
သတင်း KIA သိမ်းထားသည့် ကသိုဏ်းတောင် တပ်စခန်းကို စစ်ကောင်စီ မြေပြင်မှထိုးစစ်ဆင်၍ တိုက်ပွဲဖြစ် တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ စစ်ရှောင်နေကြရပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်ထိခိုက်မှုရှိသည်ဟု ကြားရကြောင်းဒေသခံက ပြောသည်။ LuduNwayOoဩဂုတ် 9, 2023
သတင်း လောင်းလုံးမြို့နယ် မိုး/ဇလရုံးအနီး တိုက်ပွဲဖြစ် လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ရေးဖော်ဆောင်မှု (၁၇)ကြိမ်ရှိခဲ့ပြီး ရန်သူစစ်ကောင်စီတပ်မှ (၂၆)ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင်(၃၇)ဦး ထိခိုက်ဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) LLPDF က အသိပေး ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 9, 2023