Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိများ သေဆုံးထိခိုက်မှုရှိဟု PNLA ပြော

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PNLA)
(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PNLA)

ပအိုဝ်းဒေသတိုက်ပွဲအတွင်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၀ကျော်သေဆုံး

ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း တိုက်ပွဲများဆက်ရှိနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဆီဆိုင်ဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲ ရပ်တန့်နေခြင်းမျိုးမရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းက ဆိုသည်။

“ မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အရာရှိ ၁၀ဦးကျော် ဒဏ်ရာရသွားတယ်။ အောင်ပန်း ကုတင် ၇၀၀ကို ခြောက်ယောက်သယ်သွားတာ နှစ်ယောက်သေသွားတယ်လို့တော့ သတင်းရတယ်။ ပြီးတော့ တောင်ကြီးမှာ ရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရုံမှာလည်း အရာရှိ လူနာ အပြင်းအထန် ဒဏ်ရာရသူ ၅ဦးကို သယ်သွားတယ်လို့ သိရပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဆီဆိုင်မြို့တွင်း၌ စစ်ကောင်စီက နေအိမ်မီးရှို့ဖျက်ဆီးမှု ဆက်လုပ်၍ ပြည်သူလူထုနေအိမ်မီးလောင်မှု ရှိခဲ့သည်ဟု ဆိုသည်။

PNLAသည် ဇန်နဝါရီလကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ပအိုဝ်းဒေသအား စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

ဆီဆိုင်မြို့ ပြန်ရရေး စစ်ကောင်စီ၏ ကြိုးပမ်းမှုအတွင်း တိုက်ပွဲများ မကြာခဏဆက်ရှိနေသည်။

ပအိုဝ်းဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲ အခြေအနေများကို ပအိုဝ်းလူငယ်အဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခဲ့ရာ တိုက်ပွဲစတင်သည့် ဇန်နဝါရီ ၂၁ရက်မှ ဧပြီ၁၃ရက်အထိ ရက်ပေါင်း ၈၄ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၆၀ကျော်၊ လက်နက်ကြီးပစ်ခတ်မှု ၂,၈၀၀ကျော်ပြုလုပ်ခဲ့ရာ အရပ်သား ၆၁ဦး သေဆုံးပြီး ၇၈ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

အရပ်သားသေဆုံးမှုများ၌ လက်နက်ကြီးထိမှန်သေဆုံးခြင်း၊ လေကြောင်း တိုက်ခိုက်ခံရခြင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရပြီး သေဆုံးခြင်း၊ စစ်ရှောင်နေစဉ် ပစ်ခတ်ခံရခြင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ သတ်ဖြတ်ခံရခြင်း၊ ကြောက်လန့်ထွက်ပြေးစဉ် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းများ ပါဝင်သည်ဟု အသိပေးသည်။

သေဆုံးသူများထဲ၌ (၆)လသား အရွယ်အပါအဝင် ကလေးငယ် ရှစ်ဦးသေဆုံးကာ ကလေးငယ်အများစုသည် စစ်ကောင်စီက ကျေးရွာများသို့ ရုတ်တရက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တို့ တိုက်ပွဲဆက်ဖြစ်နေပြီး လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေလို့ စိုးရိမ်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

Facebook