Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနိုင်ငံကတိုက်ပွဲ​တွေ အမြန်ဆုံး ရပ်တန့်ရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တောင်းဆို

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

(မြဝတီမြို့​စောင့်တပ် ခလရ ၂၇၅ ကို ​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်ပြီး​နောက်လုံခြုံ​ရေး ​ဆောင်ရွက်စဥ်။ ဓါတ်ပုံ-The Reporters)
(မြဝတီမြို့​စောင့်တပ် ခလရ ၂၇၅ ကို ​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်ပြီး​နောက်လုံခြုံ​ရေး ​ဆောင်ရွက်စဥ်။ ဓါတ်ပုံ-The Reporters)

People’s Spring

မြန်မာနိုင်ငံမှာ တရိပ်ရိပ် အရှိန်မြင့်တက်လာနေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံး ရပ်တန့်ဖို့ အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက စုပေါင်း တောင်းဆိုလိုက်ကြပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်တဲ့ ကဏ္ဍတချို့ကို မီးမောင်းထိုးပြထားပြီး အထူးသဖြင့် ကရင်ပြည်နယ်က မြဝတီမြို့၊ ကရင်နီပြည်၊ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေကို အလေးထား ဖော်ပြထားပါတယ်။

နောက်ထပ် အလားတူ လူသားရေးရာ ကပ်ဘေးတွေ ဖြစ်ပေါ်မလာအောင် တားဆီးဖို့အတွက် ပြည်တွင်းက ရန်လိုတိုက်ခိုက်နေမှုအားလုံး အမြန်ဆုံး ရပ်တန့်နိုင်ဖို့ လိုတယ်လို့လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ဆိုပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို လေးစား လိုက်နာကြဖို့၊ တင်းမာမှုတွေ လျော့ကျစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ ဆောင်ရွက်ပေးကြဖို့ ထည့်သွင်း တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နောက်ပြီး ပဋိပက္ခတွေကြောင့် ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ အခြေအနေတွေကို အစွမ်းကုန် လျှော့ချဖို့၊ လူသားချင်း စာနာမှု အထောက်အပံ့တွေ လိုအပ်နေတဲ့ မြန်မာ ပြည်သူတွေဆီ ဘယ်လို ခွဲခြားဆက်ဆံမှုမှ မရှိဘဲ အကူအညီတွေ ပေးပို့နိုင်ရေးအတွက် လုံခြုံပြီး အချိန်အခါ သင့်လျော်တဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ဖို့ကိုလည်း အာဆီယံက တောင်းဆိုထားပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရက နယ်စပ်မှာ အကောင်အထည် ဖော်နေတဲ့ လူသားချင်း စာနာမှု ထောက်ပံ့ရေး ပရောဂျက်မျိုးတွေ ဆက်လက် အရှိန်မြှင့်နိုင်ရေးကိုလည်း အာဆီယံ နိုင်ငံတွေက အားပေးထောက်ခံထားပြီး အဲဒီ လုပ်ဆောင်ချက်တွေဟာ မြန်မာ့အရေး ကူညီ ဖြေရှင်းပေးဖို့ အာဆီယံက လက်ခံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကိုက်ညီတယ်လို့ ထောက်ခံထားပါတယ်။

အာဆီယံထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ အရှုပ်အထွေးနဲ့ ပတ်သက်လို့ ကျယ်ပြန့်ပြီး အဖွဲ့အစည်းပေါင်းစုံ ပါဝင်နိုင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး ရေရှည်တည်တံ့တဲ့ နိုင်ငံရေး ဖြေရှင်းမှုမျိုးကို ရှာဖွေဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အာဆီယံဟာ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးရေး မမှိတ်မသုန် ဆက်လက် အားထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးဟာ အာဆီယံ အတွက်လည်း အကျိုးအရှိဆုံး ဖြစ်စေနိုင်ပြီး ၂၀၂၄ ခုနှစ်အတွက် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဟာ ပြည်တွင်းက အဖွဲ့အစည်း အားလုံးနဲ့ စေ့စပ်ညှိနှိုင်းတာ အပါအဝင် အစွမ်းရှိသမျှ အားထုတ် လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

ကိုးကား: Khasod

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။