သတင်း တောင်ကလေးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး တောင်ကလေးရဲစခန်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ရဲမှအရာရှိများအပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ အချို့က အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 22, 2022
သတင်း လောင်းလုံးမြို့မှာဆိုင်ကယ်စီးလူငယ်အချို့ကို စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုထပ်တိုး ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ် ပစ်ခတ် ပစ်၍ ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးသေဆုံး၊ တစ်ဦးဖမ်းခံရပြီး တစ်ဦးကျည်ထိ ယနေ့(နိုဝင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သဗျားကျေးရွာဘက်မှ လောင်းလုံးမြို့ပေါ်သို့ လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်လာစဥ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း မြင်းခြံနယ် ပျားကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်၊ စစ်ကူကားပါ မိုင်းဆွဲခံရပြီး ၁၃ဦးခန့်သေဟုဆို အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း အင်းတော်တိုက်ပွဲသေဆုံးခဲ့သောတပ်ရင်းမှူးမှာမင်းအောင်လှိုင် မိသားစုကိုယ်ရံတော်လုပ်ခဲ့ဖူးပြီး အလောင်းကိုရဟတ်ယာဉ်ဖြင့်သယ် နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီ မိုင်းရှာအုပ်စုနှင့်ယာဥ်တန်းတိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်းသေဟုဆို အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦးထက်မနည်းဒဏ်ရာရပြီး ကစဉ့်ကလျားထွက်ပြေးသွားဟု AA အသိပေး AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း ဖားကန့် SKY KTVတွင်သီချင်းဆိုနေသောစစ်သားများပစ်ခတ်ခံရပြီးဗိုလ်ကြီး ၂ဦးအပါအဝင်၅ ဦးသေ ၃ဦးဒဏ်ရာရ တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း အိုးဘိုထောင်မှာ နိုင်ကျဉ်းတစ်ဦး ဆုံးပါး အဲဒီနိုင်ကျဉ်းဟာ CDM ဝန်ထမ်းဖြစ်ပြီး အင်းစိန်ထောင်ကနေ ထောင်ရွှေ့ခံရသူဖြစ်တယ်လို့ ထောင်တွင်းကပေးပို့လာတဲ့ စာမှာတွေ့ရပါတယ်။ LuduNwayOoနိုဝင်ဘာ 19, 2022