Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ် ပစ်ခတ် ပစ်၍ ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးသေဆုံး၊ တစ်ဦးဖမ်းခံရပြီး တစ်ဦးကျည်ထိ

ယနေ့(နိုဝင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သဗျားကျေးရွာဘက်မှ လောင်းလုံးမြို့ပေါ်သို့ လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်လာစဥ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

လောင်းလုံးမြို့
လောင်းလုံးမြို့

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်၍ နှစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းခံရကာ တစ်ဦးကျည်ထိမှန်ဒဏ်ရာရသွားကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုလူထုသပိတ် ကော်မတီ(ထားဝယ်ခရိုင်)က ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သဗျားကျေးရွာဘက်မှ လောင်းလုံးမြို့ပေါ်သို့ လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်လာစဥ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

အလားတူ သဗျားကျေးရွာမှ အသက် (၁၄)နှစ်အရွယ် လူငယ်တစ်ဦးနှင့် ၎င်း၏နှမဖြစ်သူတို့ လောင်းလုံးမြို့ပေါ်သို့ ဆိုင်ကယ်ဖြင့် လာရောက်စဥ် မြို့အဝင်၌ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အစ်ကိုဖြစ်သူသေဆုံးကာ နှစ်မဖြစ်သူ (၁၂)နှစ်အရွယ် အမျိုးသမီးငယ်မှာ ကျည်ထိမှန်ဒဏ်ရာရရှိသွားသည်ဟု သပိတ် ကော်မတီက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

“ဖမ်းခံရတာက ပထမဆုံးလိုက်ပစ်ခံရတဲ့ နှစ်ယောက်ထဲက တစ်ယောက်ပါ။ ဖြစ်တာကတော့ တစ်နေရာတည်း။ ဒုတိယဖြစ်စဥ်က ကလေးမလေးကတော့ အခုအိမ်ပြန်ရောက်ပြီ။ ပစ်ခံရတာက မြို့အဝင်နားမှာ။ စစ်ဆေးရေးဂိတ်မရှိဘဲ အကြောင်းမဲ့ပစ်တာ”ဟု ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)မှ ကော်မတီဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သပိတ်ကော်မတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အခုလို မတရားပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြထားပြီး အပြစ်မဲ့ပြည်သူများအပေါ် မတရားအနိုင်ကျင့် သတ်ဖြတ်မှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

“ဒါက အပြစ်မဲ့ ပြည်သူတွေအပေါ် ပေါ်ပေါ်တင် တင် မတရားအနိုင်ကျင့်တာဗျ၊ ဒီကိစ္စတွေရဲ့ အဓိက တရားခံက စစ်ကောင်စီဖြစ်တယ်၊ စစ်ကောင်စီက ဒါတွေအကုန်လုံး တာဝန်ခံရမယ်”ဟု သပိတ်ကော်မတီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook