Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံနယ် ပျားကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်၊ စစ်ကူကားပါ မိုင်းဆွဲခံရပြီး ၁၃ဦးခန့်သေဟုဆို

အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။

မန္တလေးတိုင်း မြင်းခြံနယ် ပျားကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် PDF တပ်ရင်း (၄) နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) က ပြောသည်။

နိုဝင်ဘာ ၈ ရက် ညနေ ၅ နာရီခန့်က ပျားကျေးရွာသို့ ရောက်ရှိနေသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်အား မြင်းခြံခရိုင် တပ်ရင်း (၄)နှင့်အတူ People’s Defense Force – Mandalay၊ 27 Revolution Forces၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း၍ ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲချိန် ၁ နာရီခန့်ကြာမြင့်သည်ဟု ဆိုသည်။

အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်း ထပ်မံသေဆုံးကာ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲပြီးသွားတော့ စခတွေက ရွာကိုမီးရှို့ဖျက်ဆီးတဲ့အတွက် သတင်းထုတ်ပြန်ဖို့ အဆင်မပြေလို့ အခုမှထုတ်ပြန်ရတာပေါ့။ ပျားရွာက အိမ်ခြေ ၅၀ လောက် မီးရှို့ခံလိုက်ရတယ်”ဟု မြင်းခြံခရိုင် တပ်ရင် (၄) နွားထိုးကြီး PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

အထက်ပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ထံမှ MA 11 အမျိုးအစား သေနတ်တစ်လက် 5.56 ကျည် (၂၇)တောင့်သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။