Connect with us

Hi, what are you looking for?

သတင်း

တောင်ကလေးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

တောင်ကလေးရဲစခန်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ရဲမှအရာရှိများအပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ အချို့က အသိပေးထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် လူနေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် လူနေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️အရပ်သား သုံးဦးသေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရ၊ပြည်သူလူထုနေအိမ်နှင့် ဘုန်းကြီးကျောင်းများပျက်စီး

ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

တောင်ကလေးရဲစခန်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ရဲမှအရာရှိများအပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ အချို့က အသိပေးထားသည်။

“အထိအခိုက်က ရွာကတော့ မိန်းကလေးတစ် ယောက်၊ ယောက်ကျားလေးတစ်ယောက်ဆုံးသွားတယ်။ နောက်လမ်းဘေးမှာ ခရီးသွားပေါ့။ ကမာဝက်က လူတစ်ယောက်ဆုံးသွားတယ်။ ဒီရွာက ယောက်ကျားလေးတစ်ယောက်ရယ် မိန်းကလေး အသက် ၁၄နှစ် ကောင်မလေးရယ် ဆုံးသွားတယ်။ သူတို့ကတော့မနေ့ညနေက ချက်ချင်း သင်္ဂြိုလ်လိုက်တယ်။သူတို့က ပုန်းနေရင်းနဲ့ ကောင်မလေးက ခေါင်းမှာ လက်နက်ကြီး အစလာမှန်ပြီး ဦးနှောက်ပွင့်သွားတဲ့ ပုံစံမျိုးပေါ့”ဟု တောင်ကလေး ဒေသခံက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၀ဦးခန့် ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အိမ်တွေထိတာတော့ အများကြီးပဲ။ တကယ်တန်းပြောရရင် လေယာဉ်လာတဲ့အချိန်မှာ သူတို့က မရှိတော့ဘူး။ ၅နာရီမထိုးခင် မှာ စပစ်တာ။ စပစ်ပြီးနာရီဝက်လောက်ဆို စခန်းထဲဝင်ပြီး သိမ်းသွားပြီ ပစ္စည်းတွေက။ ပစ္စည်းတွေ ယူပြီးသူတို့ ပြန်ဆုတ်ပြီးနောက်ပိုင်း ဂျက်လေယာဉ်တွေက လာတာပေါ့။ လေယာဉ် ရောက်လာတဲ့အချိန်က ၈နာရီ ပတ်ဝန်းကျင်လောက်မှရောက်လာတာ။ အရပ်သားတွေထိတယ်ဆိုတာက ရဲစခန်း ပတ်ပတ်လည်မှာက အိမ်တွေ ၊ အလုံးကြီးတွေက ကျော်ကျော်ပြီး ကျတာ။ မုဒုံအမြောက်တပ်ကနေ လှမ်းပစ်တယ်လို့ပြောတယ်။ အဲဒီကနေ ပစ်တာ ဘုန်းကြီးကျောင်းတွေလည်းထိတယ်။ အိမ်တွေ ကိုထိတယ်”ဟု တောင်ကလေး ဒေသခံက ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများ ယမန်နေ့ကတည်းက မုဒုံမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့သည်လည်း ရွာ၌ ကျန်နေခဲ့ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။