Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် SKY KTVတွင်သီချင်းဆို​နေ​​​သောစစ်​သားများပစ်ခတ်ခံရပြီးဗိုလ်ကြီး ၂ဦးအပါအဝင်၅ ဦး​သေ ၃ဦးဒဏ်ရာရ

တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

(ဖားကန့်ရှိ SKY KTV ကိုတွေ့ရစဥ်)
(ဖားကန့်ရှိ SKY KTV ကိုတွေ့ရစဥ်)

ဖားကန့်တွင်ယနေ့နံနက်အစောပိုင်းကSKY KTVတွင် အရပ်ဝတ်ဖြင့် သီချင်းဆိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့ကယ​နေ့ နံနက် ၇ နာရီခန့်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးအပါအဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရသွားသည်။

“KTVအခန်းထဲကိုလက်ပစ်ဗုံးပစ်သွင်းပြီးတိုက်တာ။ပြီးတော့ ဝင်ပစ်တာ။အခန်းထဲမှာရှစ်ယောက်ရှိတယ်။ဗိုလ်ကြီးနှစ်ယောက်နဲ့ တပ်သားသုံးယောက်သေတယ်။ သုံးယောက်က အရေးပေါ်ရောက်သွားပြီ” ဟု ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက People’s Spring သို့ပြောသည်။

အထက်ပါ ဖြသ်ရပ်သည် ဖားကန့်မြို့၊ မှော်ဆီဇာကျေးရွာရှိ Sky KTV တွင် ယနေ့(နိုဝင်ဘာလ ၁၉ရက်)နံနက် ၇ နာရီခန့်ကဖြစ်ခဲ့သည်။

” စစ်ခွေးတွေက မနက်လင်းတဲ့အထိမပြန်သေးဘဲသောင်းကျန်းနေတာ။ဖားကန့်ကိုပေါ့တွက်တာ။ဒီပွဲကတော့မြိန်တယ်။အကောင်ကြီးတွေပါသေလို့ကျေနပ်တယ်”ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နေ့လည် ၂ နာရီတွင် ထပ်မံသိရသော သတင်းအရ ဒဏ်ရာရ သုံးဦးအနက် နှစ်ဦးထပ်မံသေဆုံးသွားသည်ဟု သတင်းရရှိသည်။

“နှစ်ကောင်ထပ်သေတယ်ကြားတယ်။ အတည်တော့မပြုနိုင်သေးဘူး” ဟုစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေသော ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။