မန္တလေး အိုးဘိုထောင်မှာ ကျောက်ကပ်ဝေဒနာ ခံစားနေရသူ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံးသွားတယ်လို့ ထောင်တွင်းကထွက်လာတဲ့စာအရသိရပါတယ်။
အဲဒီနိုင်ကျဉ်းဟာ CDM ဝန်ထမ်းဖြစ်ပြီး အင်းစိန်ထောင်ကနေ ထောင်ရွှေ့ခံရသူဖြစ်တယ်လို့ ထောင်တွင်းကပေးပို့လာတဲ့ စာမှာတွေ့ရပါတယ်။
သေဆုံးသွားတဲ့ နေ့ရက်ကို မဖော်ပြထားပေမယ့် ဆေးဝါးကုသမှု လုံလုံလောက်လောက်မရလို့ ဆုံးပါးသွားတယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်ညပိုင်းကလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းထားတဲ့ မန္တလေးမြို့က အကျဉ်းသားလူငယ်တစ်ဦး အိုးဘိုထောင်ထဲမှာ နှလုံးရပ်ပြီး ဆုံးပါးခဲ့ပါသေးတယ်။

Public Service Announcement
