Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီ မိုင်းရှာအုပ်စုနှင့်ယာဥ်တန်းတိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်းသေဟုဆို

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(CLDF၏ စစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)
(CLDF၏ စစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းတွင် စစ်အုပ် စုခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဆုံးကြောင်း Chaung U Local Defence Force (CLDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(နိုဝင်ဘာ၁၉ ရက်) နံနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပေါ်တွင် လမ်းကြောင်းရှိ၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် ခြေလျင်ထွက်ခွာလာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ကို နံနက် ၁၀နာရီခန့်တွင် မုံရွာ – ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ အသင့်စောင့် ဆိုင်းကာ နှစ်လုံးတွဲ ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDFပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်း စစ်ဆင်ရေးအား Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ညနေ ၃ နာရီခွဲခန့်ကလည်း မန္တလေး – မုံရွာ လမ်းမကြီးအတိုင်း မန္တလေးဘက်မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် မော်တော်ယာဉ်တန်းကို မုံရွာ -ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ သုံးလုံးတွဲ (တစ်ဖက်ပွင့် နှစ်လုံး၊ ၃၆၀ ဒီဂရီ တစ်လုံး)ပဒေသာမိုင်းကို အသုံးပြု၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ စစ်ဆင်ရေးတွေပါ။ ထပ်တိုးပွိုင့်တွေလည်း လာဖို့ရှိပါသေးတယ်။ မြေပြင်က တိကျတဲ့အချက်အလက် မပို့သေးတာကြောင့် မတင်ဖြစ်သေးတာပါဗျ။”ဟု CLDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာ ခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်များအား ဒေသတွင်းPdfများက သုံးကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။