Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့မှာဆိုင်ကယ်စီးလူငယ်အချို့ကို စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး

မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့ပေါ်မှာ ဆိုင်ကယ်စီး လူငယ်အချို့ကိုစစ်ကောင်စီတပ်မနေ့က ပစ်ခတ်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့်လူငယ် တစ်ဦး ကျည်ထိမှန်သေဆုံးသွားပြီး ကျန်တစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ဆီကသိရပါတယ်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei

စစ်ကောင်စီတပ်ဟာ လူငယ် ၂ ဦးကို “အကြောင်းမဲ့ပစ်ခတ်တာ” လို့ သပိတ်ကော်မတီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလူငယ် ၂ ဦးဟာ ဘယ်သူဘယ်ဝါဖြစ်မှန်း အတည်မပြုနိုင်သေးပါဘူး။

အဲဒီဖြစ်စဉ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ လောင်းလုံးမြို့ထဲကို ဆိုင်ကယ်အတူစီးလာတဲ့ မောင်နှမ နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ရာမှာ အသက် ၁၄ နှစ်အရွယ် အကိုဖြစ်သူ မောင်အောင်ဝေယံ သေဆုံးသွားပြီး အသက် ၁၂ နှစ်အရွယ် ညီမ ဖြစ်သူကတော့ ပေါင်ကို ကျည်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်က ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။