Connect with us

Hi, what are you looking for?

ခရီးသွားဆောင်းပါး

ပုပ်ရဟန်းမင်းရဲ့ ကျန်းမာရေး စိုးရိမ်ရဆဲ အဆင့်မှာ ရှိနေဆဲလို့ ဗာတီကန် နန်းတော် အတည်ပြု

ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့ အဆင့်မှာ ရှိနေဆဲ ဖြစ်ပေမယ့် ကုသမှုတွေ ဆက်လက် ခံယူရင်း အနားယူနေတယ်လို့ ဗာတီကန် နန်းတော်က ကြေညာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့ အဆင့်မှာ ရှိနေဆဲ ဖြစ်ပေမယ့် ကုသမှုတွေ ဆက်လက် ခံယူရင်း အနားယူနေတယ်လို့ ဗာတီကန် နန်းတော်က ကြေညာခဲ့ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကထက် ၂၂ ရက်နေ့မှာ ကျန်းမာရေး အခြေအနေ နည်းနည်း ပိုဆိုးလာခဲ့ပြီး သွေးသွင်း ကုသမှုလည်း ခံယူခဲ့တယ်လို့ ဗာတီကန်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညမှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ငြိမ်ငြိမ်သက်သက်နဲ့ အနားယူနေနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အသက် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ နာတာရှည် ရောဂါ အခြေအနေ တစ်ခုကြောင့် အီတလီနိုင်ငံ၊ ရောမမြို့တော်မှာရှိတဲ့ ဂီမယ်လီ ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ် နှစ်ဖက်စလုံးမှာ နမိုးနီးယား ဖြစ်ပွားနေပြီး အထူးဂရုစိုက် ကြပ်မတ် ကုသမှုတွေ ခံယူနေရတယ်လို့ ပုပ်ရဟန်းမင်းတွေ အစဉ်အဆက် ရုံးစိုက်ခဲ့တဲ့ ဗာတီကန် နန်းတော်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ သွေးအားနည်းမှုနဲ့ ဆက်စပ်ပြီး သွေးခဲစေတဲ့ သဘာဝဓာတ် လျော့ပါးလာတာကြောင့် သွေးသွင်း ကုသမှု ခံယူခဲ့ရတာလို့လည်း ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ သတိကောင်းကောင်း ရှိနေသလို ထိုင်လည်း ထိုင်နိုင်ကြောင်း၊ ဒါပေမဲ့ အောက်စီဂျင် ပမာဏများများ ထောက်ပံ့ပေးထားဖို့တော့ လိုကြောင်း ဗာတီကန် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခြေအနေက စိုးရိမ်ရဆဲဖြစ်ပြီး စိတ်ချရပြီဆိုတဲ့ အဆင့်ကို မရောက်သေးကြောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပိုပြီး မသက်မသာ ဖြစ်ခဲ့ပေမယ့် ပုပ်ရဟန်းမင်းဟာ နေ့ပိုင်းအချိန်တွေမှာ ထိုင်ခုံပေါ် ထိုင်နေခဲ့ကြောင်း ဗာတီကန်က ကြေညာပါတယ်။

ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး လျှို့ဝှက်မထားဘဲ လူထုကို သေသေချာချာ အသိပေးဖို့ မှာကြားထားတဲ့အတွက်လည်း ဗာတီကန်က နေ့စဉ် သတင်းထုတ်ပြန်ပေးနေခဲ့တာပါ။ ဒါပေမဲ့ အရမ်း အသေးစိတ်ကျတဲ့ အချက်အလက်တွေကိုတော့ ကြေညာချက်မှာ ထည့်သွင်းထားတာမျိုး မရှိပါဘူး။

ပုပ်ရဟန်းမင်းကြီး ရက်ပိုင်းလောက် အသက်ရှူရခက်ခဲတဲ့ လက္ခဏာတွေ ခံစားရတဲ့နောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဆေးရုံ စတက်ခဲ့ရတာပါ။

ပုပ်ရဟန်းမင်းကြီးဟာ ငယ်ရွယ်စဉ် အသက် ၂၁ နှစ်တုန်းက အဆုတ် အစိတ်အပိုင်းတချို့ ဖြတ်တောက် ကုသမှု ခံယူခဲ့ရဖူးပြီး အဆုတ်အမြှေးရောင် ရောဂါလည်း ခံစားရဖူးတာကြောင့် အဆုတ်ကျန်းမာရေးနဲ့ ပတ်သက်ရင် ပိုပြီး သတိထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ သာသနာပိုင်ချုပ်အဖြစ် ၁၂ နှစ်တာ ဖြတ်သန်းမှုအတွင်း အာဂျင်တီးနား နိုင်ငံသား ခရစ်ယာန် ဘုန်းတော်ကြီးဟာ ကျန်းမာရေး ပြဿနာ တချိုကြောင့် ဆေးရုံတက်ရတဲ့ အကြိမ်တချို့လည်း ရှိခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။