နိုဝင်ဘာ-၄၊၂၀၂၆။တေဇ/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် DMOPDF အမှတ် (၁၁၀၂) တပ်ရင်းမှ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီး ရဲဘော် အယ်ဗလင်း လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ကျဆုံးခဲ့ကြောင်းတပ်ရင်းက ဒီနေ့ (နိုဝင်ဘာလ ၅ ရက်) မှာသတင်းထုတ်ပြန်ပါတယ်။
ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁) ကွပ်ကဲမှုအောက်ရှိ DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော်အယ်ဗလင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ ရဲဘော်အယ်ဗလင်းဟာ ၂၀၀၈ ခုနှစ်ဖွားဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှ အသက် ၁၈ နှစ် ပြည့်ခဲ့တာ ဖြစ်ပြီး ကျဆုံးချိန်မှာ အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။

Public Service Announcement
ပြည်သူတွေကဝမ်းနည်းစိတ်မကောင်းကြောင်း မှတ်ချက်ပြုရေးသားထားကြပါတယ်။”2008 Born တဲ့ စာသင်ခန်းမှာ ပြုံးရွှင်ပီး ပညာသင်ရမယ့်အရွယ်လေးတွေ ပေးဆပ်နေရတာ ” လို့ ပြည်သူဦးက မှတ်ချက်ပါတယ်။
စစ်အာဏာရှင်စနစ် ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အသက်ပေးသွားခဲ့တဲ့ ရဲဘော်အယ်ဗလင်း ကျဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ DMOPDF အမှတ် (၁၁၀၂) တပ်ရင်း ရဲဘော်ရဲဘက်တွေက ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအတွင်း ပေးဆပ်အနစ်နာခံမှုနဲ့ တာဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် ရဲဘော်အယ်ဗလင်းကို ပြည်သူ့အာဇာနည် သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ပြီး လေးစားစွာ ဦးညွှတ်ဂုဏ်ပြုကြောင်း တပ်ရင်း သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။





















































