Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သမ္မတကတော်ကို ယူကရိန်း အစိုးရက အရပ်ဖက် ဂုဏ်ပြုဆု ချီးမြှင့်

အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အရပ်ဖက် ဂုဏ်ပြုဆု တစ်ခု ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အရပ်ဖက် ဂုဏ်ပြုဆု တစ်ခု ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

ရုရှားထိန်းချုပ်ထားရာ ယူကရိန်း နယ်စပ်မြို့ တစ်ခုမှာ လပေါင်းများစွာ ပိတ်မိနေပြီး ဒုက္ခကြုံနေတဲ့ အရပ်သားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်စေဖို့အတွက် ယာယီ အပစ်အခတ် ရပ်စဲနိုင်အောင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်က ရုရှားနဲ့ ယူကရိန်း အစိုးရတွေကို ကြားဝင်စေ့စပ် တောင်းဆိုခဲ့ပါတယ်။

မယ်လာနီယာရဲ့ အားထုတ်မှု အောင်မြင်ခဲ့ပြီး အိုလက်ရှ်ကီမြို့မှာ ယာယီ အပစ်အခတ် ရပ်စဲနိုင်ခဲ့သလို မြို့ခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာ၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့တာတွေလည်း အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

အဲဒီ စွမ်းဆောင်မှုအတွက် ယူကရိန်း အစိုးရရဲ့ အရပ်ဖက်ဆိုင်ရာ ဂုဏ်ပြုဆု တစ်ခုကို မယ်လာနီယာအတွက် ချီးမြှင့်သွားမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နိုဝင်ဘာ ၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်အတွက် မင်းသမီး အော်လ်ဂါ ပထမတန်း ဂုဏ်ပြုဆု တံဆိပ်ကို ချီးမြှင့်လိုက်တယ်လို့ သမ္မတ ဇီလန်စကီးရဲ့ ကြေညာမှုကို ယူကရိန်း သမ္မတရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပါတယ်။

ယူကရိန်းအတွက် လူသားချင်း စာနာကူညီမှု၊ လူ့အခွင့်အရေးနဲ့ နှလုံးလှ စေတနာ့ဝန်ထမ်း အလုပ်တွေကို မယ်လာနီယာက အားပေးကူညီ ဆောင်ရွက်ပေးတာကို အထူးအသိအမှတ် ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိုလက်ရှ်ကီမြို့နဲ့ အနီးတဝိုက်မှာ ကန့်သတ်ပြီး အပစ်အခတ် ရပ်စဲထားဖို့ သဘောတူညီမှုတစ်ခုကို မယ်လာနီယာက ကြားဝင် ညှိနှိုင်းပေးနိုင်ခဲ့ကြောင်း အောက်တိုဘာ လကုန်ပိုင်းမှာ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ မြို့ထဲမှာ ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား လူသားချင်း အကူအညီတွေ ပြတ်လပ်တဲ့ဒဏ်ကို အလူးအလဲ ခံနေရပြီး စားစရာ မရှိလို့ ပေါင်းမြက်တွေကိုတောင် စားနေခဲ့ရတယ်လို့ ဆိုပါတယ်။

မယ်လာနီယာရဲ့ ကြားဝင် တောင်းဆိုမှုကို ရုရှားရော၊ ယူကရိန်းကပါ လေးလေးစားစား လိုက်နာခဲ့ပြီး မြို့ပတ်ပတ်လည်က အဓိက လမ်းကြောင်းတွေမှာ မိုင်းရှင်းပေးခဲ့သလို မြို့ခံတွေကိုလည်း ဆန္ဒအလျောက် ယူကရိန်းဖက်ကိုဖြစ်စေ၊ ရုရှားဖက်ကိုဖြစ်စေ ရွှေ့ပြောင်းခွင့် ပေးခဲ့ပါတယ်။

မယ်လာနီယာဟာ စစ်ပွဲကာလအတွင်း ရုရှားဖက်ကို ခေါ်ဆောင်သွားတာ ခံရတဲ့ ယူကရိန်း ကလေးတွေ နေရပ်ပြန်ခွင့်ရရေး အတွက်လည်း အားထုတ်ကြိုးပမ်းပေးနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook