Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာလီကျွန်းနားမှာ ရေငုပ်သင်္ဘောပျောက်သွားလို့ အင်ဒိုနီးရှားရေတပ် ရှာဖွေနေ

အမှုထမ်း ၅၃ ဦးနဲ့အတူ ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘော တစ်စီးကို အင်ဒိုနီးရှား ရေတပ်က လိုက်လံ ရှာဖွေနေကြောင်း သိရပါတယ်။

အင်ဒိုနီးရှား ရေတပ် သေနာပတိ ဂျူလီယက်စ် ဝစ်ဒ်ဂျိုဂျိုနိုက ဘာလီကျွန်းနားမှာ ဧပြီ ၂၁ ရက် မနက်ပိုင်းက ရေငုပ်သင်္ဘော ပျောက်ဆုံးသွားကြောင်း အတည်ပြုခဲ့ပါတယ်။ ဘာလီကျွန်းနဲ့ ၉၆ ကီလိုမီတာလောက်အကွာ ရေပြင်မှာ အဆက်အသွယ် ပြတ်သွားတဲ့ KRI Nanggala 402 ရေငုပ်သင်္ဘောကို ရေတပ်က အသည်းအသန် လိုက်ရှာနေတယ်လို့ ဝစ်ဒ်ဂျိုဂျိုနိုက ပြောပါတယ်။ ရေငုပ်သင်္ဘော ပျောက်ဆုံးနေတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

အဲဒီ ရေငုပ်သင်္ဘောဟာ အင်ဒိုနီးရှား ရေတပ်ရဲ့ တော်ပီဒို ပစ်ခတ်မှု စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုမှာ ပါဝင်နေရင်း ဘာလီကျွန်း မြောက်ဖက်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား စစ်တပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ အဲဒီ ရေငုပ်သင်္ဘောကို ၁၉၈၁ ခုနှစ်က ဂျာမနီမှာ တည်ဆောက်ခဲ့တာလို့ သိရပါတယ်။

အင်ဒိုနီးရှားဟာ ကျွန်းစုတွေ၊ ကျွန်းဆွယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပြီး ရေပိုင်နက် လုံခြုံရေးအတွက် ဆိုဗီယက်ခေတ်သုံး ရေငုပ်သင်္ဘော ၁၂ စီးကို အသုံးပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ ဂျာမနီမှာ တည်ဆောက်တဲ့ Type 209 ၂ စီးနဲ့ တောင်ကိုရီးယားက မှာယူထားတဲ့ ရေငုပ်သင်္ဘောသစ် ၃ စီးသာ ရေတပ်မှာ ပိုင်ဆိုင်ထားပါတော့တယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အင်ဒိုနီးရှား စစ်တပ်ဟာ နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေကို ပိုမို တွန်းအားပေး ဆောင်ရွက်လာခဲ့ပေမယ့် တချို့ စစ်လက်နက် အသုံးအဆောင်တွေကတော့ သက်တမ်း အိုဟောင်းနေဆဲပါ။ မကြာသေးခင် နှစ်အနည်းငယ်အတွင်း ဟောင်းနွမ်းနေတဲ့ စစ်လေယာဉ်တွေ ပျက်ကျလို့ အင်ဒိုနီးရှား စစ်မှုထမ်းတွေနဲ့ အရပ်သား ပညာရှင်တွေ အသက်ဆုံးရှုံးတဲ့ ဖြစ်ရပ်တွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးအသေအပျောက်တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံရဲ့ အပန်းဖြေ ကျွန်းတစ်ခုဖြစ်တဲ့ ဘာလီမှာ ရေကြီးမှုတွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေကို အပူတပြင်း ရွှေ့ပြောင်းပေးနေရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ဟာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ စမ်းသပ်မှု အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

Facebook