Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် စစ်သင်္ဘောကို အမေရိကန်ရေငုပ်သင်္ဘော ပစ်ခတ် နှစ်မြှုပ်

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

Screenshot

မတ် – ၄ ၊၂၀၂၆

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

မတ်လ ၄ ရက် အစောပိုင်းတုန်းက နိုင်ငံရဲ့ ကမ်းလွန်ရေပြင် အိန္ဒိယ သမုဒ္ဒရာထဲမှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သီရိလင်္ကာ ရေတပ်က ကြေညာခဲ့ပါတယ်။

ဖြစ်စဉ်မှာ သေဆုံးသူတွေ ရှိခဲ့တာကို သီရိလင်္ကာက အတည်ပြုပေမယ့် အသေအပျောက် စာရင်းနဲ့ စစ်သင်္ဘော နစ်မြုပ်မှု အကြောင်းရင်းကိုတော့ တိတိကျကျ မထုတ်ပြန်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

Iris Dena စစ်သင်္ဘောမှာ အမှုထမ်းခဲ့တဲ့ အီရန် ရေတပ်သား ၃၂ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ကြောင်း သီရိလင်္ကာ ရေတပ်က ဆိုပါတယ်။

အီရန် စစ်သင်္ဘောကို အမေရိကန်ရေငုပ်သင်္ဘော ပစ်ခတ် နှစ်မြှုပ် မတ် – ၄ ၊၂၀၂၆ သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန်…

Posted by People's Spring on Wednesday 4 March 2026

အခုအခါမှာတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာမှာ အီရန် စစ်သင်္ဘော တစ်စီးကို ရေငုပ်သင်္ဘောကနေ တော်ပီဒိုနဲ့ ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြခဲ့တဲ့ စစ်သင်္ဘော တစ်စီးရဲ့ နောက်ပိုင်းမှာ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ပွားသွားခဲ့တာကို တွေ့ရပါတယ်။ အမေရိကန် ရေတပ်ဟာ Mark 48 တော်ပီဒို တစ်စင်းတည်းကို ပစ်ခတ်ပြီး Iris Dena ကို နှစ်မြှုပ်ခဲ့တာပါ။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က သီရိလင်္ကာ ကမ်းလွန်မှာ အီရန် စစ်သင်္ဘော နစ်မြုပ်ခဲ့တာဟာ အမေရိကန် လက်ချက်လို့ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် လုံခြုံလှပြီလို့ ထင်နေတဲ့ အီရန် စစ်သင်္ဘော တစ်စီးကို အမေရိကန် ရေငုပ်သင်္ဘောက ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း ဟက်ဂ်ဆက်သ်က ပြောပါတယ်။ သူက အဲဒီ တိုက်ခိုက်မှုကို အမေရိကန် စံတော်ချိန်အရ မတ်လ ၃ ရက်နေ့ ညပိုင်းမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

တော်ပီဒို ထိမှန်ပြီး အီရန်စစ်သင်္ဘောက နစ်မြုပ်သွားခဲ့ကြောင်း၊ ဒါဟာ တိတ်ဆိတ်တဲ့ သေဆုံးခြင်းဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန်က ရန်သူ စစ်သင်္ဘော တစ်စီးကို တော်ပီဒိုနဲ့ ပစ်ခတ် နှစ်မြှုပ်တာလည်း ပထမဆုံးအကြိမ် ဖြစ်လာကြောင်း ဟက်ဂ်ဆက်သ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်းကလိုပဲ အမေရိကန်ဟာ လက်ရှိစစ်ပွဲကိုလည်း နိုင်အောင်တိုက်ဖို့ အစွမ်းကုန် အာရုံစိုက်ထားကြောင်းလည်း ဟက်ဂ်ဆက်သ်က ကြွေးကြော်သွားပါတယ်။

သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ဗီဂျီတာ ဟီရတ်သ်ကတော့ အီရန် စစ်သင်္ဘောဆီက အရေးပေါ် အကူအညီ တောင်းခံမှုကို မတ်လ ၄ ရက် မနက်အစောပိုင်းမှာ လက်ခံရရှိခဲ့ပြီး သီရိလင်္ကာ ရေတပ်ရဲ့ ရေယာဉ်နှစ်စီးကို ကယ်ဆယ်ရေးအတွက် အမြန်ဆုံး စေလွှတ်ပေးခဲ့ကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့အတူ ပူးပေါင်းပြီး စတင်ခဲ့တဲ့ အီရန် စစ်ပွဲအတွင်း ရန်သူအီရန်ရေတပ်ရဲ့ စစ်သင်္ဘော အစီး ၂၀ ထက်မနည်းကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်းလည်း အမေရိကန်က ထုတ်ပြန်ထားပါတယ်။

ကိုးကား – Guardian(ဂါးဒီယန်း)
ရုပ်သံ – အမေရိကန်အစိုးရ စစ်ဝန်ကြီးဌာန ( U.S. Department of War)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက် ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။