Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီး နေ့ကလေးထိန်းကျောင်းမှာ ဓားကိုင် တိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံး

ဘရာဇီး နိုင်ငံက နေ့ကလေးထိန်းကျောင်း တစ်ကျောင်းမှာ ဓားကိုင်ရမ်းကား တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၄ ရက်က ဆန်တာ ကာထရီနာပြည်နယ်၊ ဆူဒါဒီစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အသက် ၂ နှစ် မပြည့်သေးတဲ့ ကလေး ၃ ဦးအပြင် နေ့ကလေးထိန်းကျောင်းက ဝန်ထမ်း ၂ ဦးပါ သေဆုံးသွားကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် အမျိုးသား ဒီတိုက်ခိုက်မှု အပြီးမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပေမယ့် အသက်မသေပါဘူး။ လတ်တလောမှာတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံရောက်နေတယ်လို့ သိရပါတယ်။ သူဟာ သားလှီးဓားကြီး တစ်ချောင်းကို ကိုင်ဆောင်ပြီး ကျောင်းထဲ ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

နေ့ကလေးထိန်းကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အခင်းဖြစ်ချိန်က ကျောင်းထဲမှာ ကလေးတချို့ ရှိနေခဲ့ပြီး ဝန်ထမ်းတွေက ဝှက်ထားပေးရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ဆန်တာ ကက်ထရီနာ ပြည်နယ် အစိုးရက ဝမ်းနည်းကြေကွဲမှု သတ်မှတ်ကာလကို ၃ ရက် ကြေညာထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။