Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ နေ့ကလေးထိန်းစင်တာကို ကားဝင်တိုက်မိပြီး ၁၀ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

သြဂုတ်-၇၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဩဂုတ် ၇ ရက်နေ့တုန်းက ကန်ချနာဘူရီမှာ အဲဒီယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရတနာဗူဒ် ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့ပါတယ်။

မူယန်းခရိုင်ထဲက ဘန်နွန်ဆွန်တန် နေ့ကလေးထိန်းကျောင်းထဲကို အိမ်စီးကား တစ်စီးက ဝင်တိုက်ခဲ့တာလို့ ဖောင်ဒေးရှင်းက ဆိုပါတယ်။ဒေသခံလူမှုဝန်ထမ်း အဖွဲ့အစည်းတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေ၊ ရဲတွေက အခင်းဖြစ်ရာ နေရာဆီ သွားရောက်ပြီးထိခိုက်ဒဏ်ရာရသူတွေကို အကူအညီ ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူတွေထဲက တချို့ကို ဆေးရုံတင်ပို့ထားရကြောင်း သတင်းတွေက ဖော်ပြပေမယ့် ဒဏ်ရာ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒဏ်ရာရသူတွေထဲမှာ ကလေး ဘယ်နှဦး ပါဝင်သလဲ ဆိုတာကိုလည်း မပြောနိုင်သေးပါဘူး။

ရဲတွေက ပတ်ဝန်းကျင်ကို ပိတ်ထားလိုက်ပြီး လူနာတင်ယာဉ်တွေ ဝင်အထွက် လုပ်လို့ရအောင် လမ်းရှင်းပေးခဲ့ပါတယ်။

ယာဉ်တိုက်မှု ဘာကြောင့် ဖြစ်ခဲ့တာလဲ၊ မတော်တဆလား၊ရည်ရွယ်ချက်ရှိရှိလား ဆိုတာတွေကိုတော့ အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ၊ဘန်​ကောက်မြို့ရဲ့အ​နောက်​မြောက်ဘက်နားက နွန်ထဘူရီ​ကျောင်းမှာ ဒီက​နေ့ကျောင်းတွင်းပစ်ခတ်မှုဖြစ်ပြီး ကျောင်းသား​တွေ ၊ဆရာ၊ဆရာမ​တွေအပါအဝင် အနည်းဆုံး ၇ ဦး​သေဆုံးပြီး ၁၅ ဦးဒဏ်ရာရခဲ့ပါတယ် ။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။