Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ နေ့ကလေးထိန်းကျောင်းကို ဝင်တိုက်တဲ့ ကားရဲ့ ယာဉ်မောင်းကို စွဲချက် ၅ ခုနဲ့ အမှုဖွင့်ထား

နေ့ကလေးထိန်း ကျောင်းကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်းကို စွဲချက် ၅ ခုနဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်။

နေ့ကလေးထိန်း ကျောင်းကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်းကို စွဲချက် ၅ ခုနဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်။

ဩဂုတ် ၇ ရက်နေ့တုန်းက ကန်ချနာဘူရီ ပြည်နယ်မှာရှိတဲ့ မူအန်ခရိုင်မှာ ဖွင့်လှစ်ထားတဲ့ နေ့ကလေးထိန်းကျောင်း အဆောက်အအုံကို အဲဒီအမျိုးသားရဲ့ ကားက အရှိန်နဲ့ ဝင်တိုက်မိခဲ့ပြီး ကလေး ၂၀ ဒဏ်ရာရခဲ့ပါတယ်။

သူ့ကို ဆေးစစ်ကြည့်တဲ့အခါ မက်သာဖက်တမင်း၊ ဆေးခြောက်၊ ဟီးရိုးအင်း မူးယစ်ဆေးတွေ သုံးစွဲထားကြောင်း ဖော်ထုတ် တွေ့ရှိလာတယ်လို့ ရဲတွေက ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့ Honda Civic ကားထဲမှာ .၃၂ ပစ္စတို တစ်လက်၊ ကျည်လေးတောင့်၊ ကျည်ကတ်တစ်ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သူနဲ့အတူ စီးနင်းလိုက်ပါလာတဲ့ အသက် ၂၀ အရွယ် လူငယ်ကလည်း ဟီးရိုးအင်း မူးယစ်ဆေး သုံးထားကြောင်း ဆေးစစ်ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ယာဉ်မောင်းဟာ ထိခိုက်ပျက်စီး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်စေတဲ့ အဆင်ခြင်မဲ့ မောင်းနှင်မှု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု၊ ခွင့်ပြုချက် မရှိဘဲ လက်နက်ကို လူအများနဲ့ဆိုင်တဲ့နေရာ သယ်ဆောင်လာမှု၊ မူးယစ်ဆေး သုံးစွဲမှု၊ မူးယစ်ဆေး သုံးစွဲပြီး ကားမောင်းမှုတွေနဲ့ စွဲချက်အတင် ခံခဲ့ရပါတယ်။ သူ့ရဲ့ အဖော်ကလည်း မူးယစ်ဆေး သုံးစွဲမှုနဲ့ တရားရင်ဆိုင်ရမှာပါ။

Public Service Announcement

Public Service Announcement

ဘန်နွန်ဆောင်တွန် နေ့ကလေးထိန်းကျောင်းမှာ ကလေး ၃၄ ဦး အိပ်စက် အနားယူနေချိန်မှာ ကားက အဆောက်အအုံကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ ကလေး ၂၀ မှာ အများစုက အနည်းအကျဉ်း ထိခိုက်ခဲ့တာသာဖြစ်ပြီး ၁ ဦးကတော့ ဩဂုတ် ၉ ရက်ထိ အခြေအနေအရ ဆေးရုံတက်နေဆဲလို့ သိရပါတယ်။

အခင်းဖြစ်ရာ ဩဂုတ် ၇ ရက်နေ့က ဘန်ကောက်မြို့တော်နားမှာ ကျောင်းသားတစ်ဦးက သူ့ရဲ့ကျောင်းနဲ့ နေအိမ်မှာ ပစ်ခတ်မှု ကျူးလွန်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။ ထိုင်းတစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့ အဲဒီဖြစ်စဉ်မှာ လူ ၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ ကုန်မာ ပစ္စည်းတွေ အဓိက ရောင်းချရာ စျေးတစ်ခုမှာ မီးလောင်မှု ဖြစ်ပြီး စျေးအဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ကာယကြံ့ခိုင်မှုဆိုင်ရာ ပြိုင်ပွဲတစ်ခုမှာ ဘန်ကောက်မြို့တော် အခြေစိုက် ကာယ သင်တန်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။