Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်နက်ကိုင် လက်ယာစွန်းဝါဒီ စစ်သား တစ်ယောက်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ အပူတတပြင်း ရှာဖွေနေ

လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ခြေရာဖျောက်သွားတဲ့ လက်ယာစွန်းဝါဒီ စစ်သားတစ်ယောက်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က အသည်းအသန် လိုက်ရှာနေပါတယ်။

ဘယ်လ်ဂျီယမ် အထူးရဲတပ်ဖွဲ့က ဂျာဂန် ကွန်နင်းစ်ဟာ အကြီးအကျယ် အန္တရာယ် ပေးနိုင်သူ တစ်ဦးလို့ ကြေညာထားပါတယ်။ လက်ဖြောင့်လေ့ကျင့်ရေး သင်တန်းမှူး တစ်ဦးဖြစ်တဲ့ ကွန်နင်းစ်ဟာ သူတာဝန်ကျနေရာ စစ်တန်းလျားက လက်နက် အပြည့်အစုံ ယူဆောင်ပြီး ထွက်ခွာသွားခဲ့တာလို့ ဆိုပါတယ်။

ကွန်နင်းစ်ဟာ လက်ယာစွန်း ဝါဒီ တစ်ယောက်အဖြစ် လူသိများပြီး အရင်က နိုင်ငံရဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး စီမံကိန်းတွေကို အဓိက ကြီးမှူးနေတဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးပညာရှင် ဒေါက်တာ မက်ဗန်ရန့်စ်ကို ရန်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

လောလောဆယ်တော့ ဒေါက်တာ ဗန်ရန့်စ်နဲ့ သူ့မိသားစုကို လုံခြုံဘေးကင်းမယ့် နေရာတစ်ခုဆီ အရေးပေါ် ရွှေ့ပြောင်းပေးထားရပါတယ်။ နောက်ဆုံး ရထားတဲ့ သတင်းတွေအရ နယ်သာလန်နဲ့ နယ်စပ်နားမှာ စစ်တပ်နဲ့ ရဲအင်အား ၃၅၀ လောက် စစ်ဆင်ရေး ဆောင်ရွက်နေပြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွန်နင်းစ်ဟာ အစွန်းရောက် ဝါဒီ တစ်ဦးဖြစ်ပြီး စစ်တန်းလျားထဲမှာ စာတစ်စောင် ချန်ခဲ့ကြောင်း၊ လိုအပ်လာရင် ရဲတွေနဲ့ အသေအကြေ တိုက်ပွဲဆင်နွှဲမယ်လို့ ခြိမ်းခြောက် ရေးသားထားခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေထဲ အစွန်းရောက် ဝါဒီတွေ စိမ့်ဝင်နေနိုင်ခြေနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ် စစ်ဆေးနေရကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။