Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်နက်ကိုင် လက်ယာစွန်းဝါဒီ စစ်သား တစ်ယောက်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ အပူတတပြင်း ရှာဖွေနေ

လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ခြေရာဖျောက်သွားတဲ့ လက်ယာစွန်းဝါဒီ စစ်သားတစ်ယောက်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က အသည်းအသန် လိုက်ရှာနေပါတယ်။

ဘယ်လ်ဂျီယမ် အထူးရဲတပ်ဖွဲ့က ဂျာဂန် ကွန်နင်းစ်ဟာ အကြီးအကျယ် အန္တရာယ် ပေးနိုင်သူ တစ်ဦးလို့ ကြေညာထားပါတယ်။ လက်ဖြောင့်လေ့ကျင့်ရေး သင်တန်းမှူး တစ်ဦးဖြစ်တဲ့ ကွန်နင်းစ်ဟာ သူတာဝန်ကျနေရာ စစ်တန်းလျားက လက်နက် အပြည့်အစုံ ယူဆောင်ပြီး ထွက်ခွာသွားခဲ့တာလို့ ဆိုပါတယ်။

ကွန်နင်းစ်ဟာ လက်ယာစွန်း ဝါဒီ တစ်ယောက်အဖြစ် လူသိများပြီး အရင်က နိုင်ငံရဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး စီမံကိန်းတွေကို အဓိက ကြီးမှူးနေတဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးပညာရှင် ဒေါက်တာ မက်ဗန်ရန့်စ်ကို ရန်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

လောလောဆယ်တော့ ဒေါက်တာ ဗန်ရန့်စ်နဲ့ သူ့မိသားစုကို လုံခြုံဘေးကင်းမယ့် နေရာတစ်ခုဆီ အရေးပေါ် ရွှေ့ပြောင်းပေးထားရပါတယ်။ နောက်ဆုံး ရထားတဲ့ သတင်းတွေအရ နယ်သာလန်နဲ့ နယ်စပ်နားမှာ စစ်တပ်နဲ့ ရဲအင်အား ၃၅၀ လောက် စစ်ဆင်ရေး ဆောင်ရွက်နေပြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွန်နင်းစ်ဟာ အစွန်းရောက် ဝါဒီ တစ်ဦးဖြစ်ပြီး စစ်တန်းလျားထဲမှာ စာတစ်စောင် ချန်ခဲ့ကြောင်း၊ လိုအပ်လာရင် ရဲတွေနဲ့ အသေအကြေ တိုက်ပွဲဆင်နွှဲမယ်လို့ ခြိမ်းခြောက် ရေးသားထားခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေထဲ အစွန်းရောက် ဝါဒီတွေ စိမ့်ဝင်နေနိုင်ခြေနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ် စစ်ဆေးနေရကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။