Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ရာသီဥတု ရုတ်တရက် ပြောင်းလဲရာက ခရီးကြမ်း မာရသွန် ပြိုင်ပွဲဝင် ၂၁ ဦး သေဆုံး

တရုတ်နိုင်ငံမှာ ရာသီဥတု ရုတ်တရက် ဖောက်ပြန်မှုကြောင့် ခရီးကြမ်း မာရသွန် ပြိုင်ပွဲဝင် ၂၁ ဦး သေဆုံးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မေလ ၂၂ ရက် မနက်ပိုင်းက ကီလိုမီတာ ၁၀၀ ခရီးကြမ်း တောင်တက် မာရသွန် ပြိုင်ပွဲကို စတင်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ရာသီဥတုက ကြည်လင် ကောင်းမွန်နေပြီး အစီအစဉ်အားလုံး ချောချောမွေ့မွေ့ ရှိခဲ့ပါတယ်။

ဒါပေမဲ့ နေ့လယ်ပိုင်းမှာ ရာသီဥတု အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပြီး လေအေးတွေ တိုက်ခတ်လာသလို သည်းသည်းထန်ထန် ရွာတဲ့ မိုးကလည်း ရေခဲရေလို အေးစက်နေခဲ့ပါတယ်။ ဂန်ဆုဒေသ အနှံ့မှာ မုန်တိုင်းဆန်ဆန် လေပြင်းတိုက်ခတ်မှုတွေ ဖြစ်လာပြီး မိုးသီးတွေလည်း ကြွေကျခဲ့ပါတယ်။

အဲဒီနောက် ပြိုင်ပွဲ စီစဉ်သူတွေက မာရသွန် ပြိုင်ပွဲကို အရေးပေါ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ပြီး အင်အား ၁၂၀၀ လောက် ပါဝင်တဲ့ အဖွဲ့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ လမ်းခုလတ်မှာ ပျောက်ဆုံးနေတဲ့ ပြိုင်ပွဲဝင်တွေကို လိုက်လံရှာဖွေခဲ့ပြီး ညပိုင်းမှာလည်း ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ မရပ်တန့်ခဲ့ပါဘူး။

ပြိုင်ပွဲဝင် အများစုဟာ အင်္ကျီလက်တိုနဲ့ ဘောင်းဘီတို ခပ်ပါးပါးတွေကိုသာ ဝတ်ဆင်ထားကြတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးတွေက ခပ်စောစော ရှာတွေ့ခဲ့လို့ အသက်ရှင်ခဲ့သူ ပြိုင်ပွဲဝင် တစ်ဦးက ရာသီဥတု ဆိုးလွန်းလို့ သူ့တစ်ကိုယ်လုံး ထုံကျင်လာပြီး ခံစားမှု အာရုံ ပျောက်ဆုံးတာမျိုး ကြုံခဲ့ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

တချို့ ပြိုင်ပွဲဝင်တွေကလည်း ရာသီဥတု အခြေအနေ ပြောင်းလဲစ ပြုလာတာနဲ့ နောက်ကြောင်း ပြန်လှည့်လာကြတယ်လို့ ဆိုပါတယ်။ မေလ ၂၃ ရက် မနက်ပိုင်းထိ စာရင်းတွေအရ ပြိုင်ပွဲဝင် ၁၇၂ ဦးထဲမှာ ၁၅၁ ဦး ဘေးကင်းကြောင်း ကြေညာထားပါတယ်။ ကီလိုမီတာ ၁၀၀ ခရီးကြမ်း မာရသွန် ပြိုင်ပွဲဟာ သမားရိုးကျ မာရသွန် ပြိုင်ပွဲတွေထက် နှစ်ဆ ပိုမိုရှည်လျားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။