Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရားခွင်မှာ လည်ပင်းကို ကိုယ်တိုင်ထိုးဖောက်ပြီး ဆန္ဒပြခဲ့တဲ့ ဘီလားရုစ် နိုင်ငံရေးသမား

အဓမ္မ ဖိအားပေး ဝန်ခံခိုင်းတာကို ဆန္ဒပြတဲ့ အနေနဲ့ ဘီလားရုစ် အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးဟာ တရားခွင်မှာ ကိုယ့်လည်ပင်းကိုယ် စူးချွန်နဲ့ထိုးပြီး သေကြောင်း ကြံစည်ဖို့ ကြိုးစားခဲ့ပါတယ်။

မင့်စ်ခ်မြို့က တရားခွင်မှာ စတီပန် လက်တီပေါ့ဗ်ဟာ ဘောပင်လို့ ယူဆရတဲ့ အရာတစ်ခုနဲ့ လည်ပင်းကို ထိုးလိုက်ကြောင်း လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုတွေမှာ တွေ့မြင်ရပါတယ်။ သူ့ကို ဆေးရုံ အရေးပေါ် တင်ပို့ပြီး ခွဲစိတ် ကုသပေးခဲ့တဲ့နောက် အခုအခါ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်ကိုတော့ လွန်မြောက်လာပါပြီ။

ဒီဖြစ်စဉ်ဟာ ဘီလားရုစ်က အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ် အစိုးရက အလွန်အကျွံ ဖိအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပိုမို အားကောင်းလာစေခဲ့ပါတယ်။ လက်တီပေါ့ဗ်ဟာ ရဲတွေကို အကြမ်းဖက် တုံ့ပြန်တယ်ဆိုတာ အပါအဝင် စွဲချက်တချို့နဲ့ စက်တင်ဘာလ ကတည်းက အဖမ်းခံထားရပါတယ်။

သူဟာ တရားခွင်မှာ ဖခင်ဖြစ်သူရဲ့ ထွက်ဆိုချက်အပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်တီပေါ့ဗ်ရဲ့ ပါတီက အာဏာပိုင်တွေဟာ လက်တီပေါ့ဗ်ရဲ့ ဖခင်ကို သားဖြစ်သူ အပြစ်ဝန်ခံအောင် တိုက်တွန်းဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့သလို ကာယကံရှင်ရဲ့ မိသားစုဝင်တွေကိုပါ အမှုဆင်မယ်လို့ သတိပေးခဲ့ကြောင်း ပြောပါတယ်။

အခုဖြစ်စဉ်ဟာ အစိုးရက ကျူးလွန်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ညွှန်ပြနေပြီး အမြန်ဆုံး ရပ်တန့်ဖို့လိုကြောင်း အတိုက်အခံ အင်အားစုတွေက ပြောပါတယ်။ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ အငြင်းပွားဖွယ် အခြေအနေတွေနဲ့ ဩဂုတ်လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့နောက် အတိုက်အခံ နိုင်ငံရေး ပါတီတွေအပေါ် နှိပ်ကွပ်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ထရမ့်ကို အားပေးထောက်ခံသူ လက်ယာစွန်း ဝါဒီတွေက အမေရိကန် လွှတ်တော် အဆောက်အအုံကို...

နိုင်ငံတကာ

လူကာရှန်ကိုက သူအာဏာရလာချိန် ဘီလားရုစ်မှာ အကျဉ်းသား ၅၀၀၀၀ လောက် ရှိခဲ့ရာက အခုဆိုရင် ၂၂၀၀၀ လောက်သာ ကျန်တော့ကြောင်း၊ မီဒီယာတွေက စွပ်စွဲ ရေးသားသလို သူဟာ ပြည်သူတွေကို ထောင်ချပြီး ဖိနှိပ်နေတဲ့ အာဏာရှင် တစ်ဦးသာ သေချာရင် သိပ်ပြီး အားမကောင်းလှတဲ့ အာဏာရှင်မျိုး...

နိုင်ငံတကာ

လူကာရှန်ကိုနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က ဘီလားရုစ် နယ်စပ်မှာ ဒုံးကျည်တွေ စတင်ဖြန့်ကျက်ထားပြီ ဆိုတာကို အတည်ပြုခဲ့ပြီး ရည်မှန်းထားသမျှ အရေအတွက် အားလုံးကို နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက် ပြုထားပါတယ်။

သတင်း

ရုရှားစစ်တပ်ဟာ အခုအခါမှာ Wagnerတွေ ပိုင်ဆိုင်တဲ့ လက်နက်ကြီးနဲ့ အကြီးစား စစ်ယန္တရားတွေကို လွှဲပြောင်းယူဖို့ စီစဉ်နေပြီး Wagner တပ်ဖွဲ့ဝင်တွေကိုလည်း ရုရှား၊ ဒါမှမဟုတ် ဘီလားရုစ် အမြဲတမ်း စစ်တပ်တွေဆီ ပြောင်းရွှေ့ အမှုထမ်းနိုင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။