Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ လူနေ ဧရိယာထဲ စစ်လေယာဉ် ပျက်ကျပြီး ၂၉ ဦးထက်မနည်း သေဆုံး

ဇူလိုင် ၄ ရက်က နိုင်ငံတောင်ပိုင်း၊ ဂျိုလိုမြို့မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ စစ်သား အများစု အပါအဝင် လူ ၉၀ ကျော် လိုက်ပါလာခဲ့ပါတယ်။ လေယာဉ် ပျက်ကျပြီး မီးလောင်ကျွမ်းသွားပေမယ့် တော်တော်များများကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ လူနေရပ်ကွက်ထဲ စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူ ၂၉ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ဇူလိုင် ၄ ရက်က နိုင်ငံတောင်ပိုင်း၊ ဂျိုလိုမြို့မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ စစ်သား အများစု အပါအဝင် လူ ၉၀ ကျော် လိုက်ပါလာခဲ့ပါတယ်။ လေယာဉ် ပျက်ကျပြီး မီးလောင်ကျွမ်းသွားပေမယ့် တော်တော်များများကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျမှုမှာ လူ ၅၀ လောက် ဒဏ်ရာရပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း၊ ထိခိုက်ထားသူတွေကို အနီးမှာရှိတဲ့ စစ်ဆေးရုံ တစ်ခုဆီ အရေးပေါ် တင်ပို့ခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က ထုတ်ပြန်ပါတယ်။ C130 Hercules အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးဟာ ကာဂါယန်း ဒီအိုရိုက စစ်သည်တွေကို သယ်ဆောင်လာပြီး ဂျိုလို လေဆိပ်ကို ဆင်းသက်ချိန်မှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

လေယာဉ်က ပြေးလမ်းကို လွဲချော်သွားပြီး ပြန်ဆွဲတင်ဖို့ ကြိုးစားပေမယ့် မအောင်မြင်တော့တာလို့ ဖိလစ်ပိုင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆိုဘီဂျာနာက သတင်းထောက်တွေကို ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၄ ဦးနဲ့ သေဆုံးသူ ၂ ဦးဟာ မြေပြင်ပေါ်က အရပ်သားတွေလို့လည်း သူက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် တောင်ပိုင်းက ကျွန်းစုတွေမှာ အစွန်းရောက် အစ္စလာမ်မစ် ခွဲထွက်ရေး လက်နက်ကိုင်တွေ ဖြစ်ကြတဲ့ အဘူဆေယက်ဖ်လို အဖွဲ့အစည်းတွေ လှုပ်ရှားနေတာကြောင့် လုံခြုံရေး အင်အား တိုးမြှင့်ထားပါတယ်။ အခုပျက်ကျတဲ့ လေယာဉ်ဟာ တပ်ကူတွေ လာပို့ပေးတာလို့ ဆိုပါတယ်။ လေယာဉ်ပေါ် ပါလာသူ အားလုံးနီးပါးဟာ စစ်သင်တန်း ဆင်းလာတာ မကြာသေးတဲ့ တပ်သားသစ်တွေလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။