Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တာလီဘန်တွေ တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ထောင်နဲ့ချီ ထွက်ပြေး

အာဖဂန် စစ်သား တစ်ထောင်ကျော်ဟာ အိမ်နီးချင်း တာဂျစ်ကစ္စတန် နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ စစ်သားတွေဟာ အသက်လုပြီး ပြေးလာကြတာလို့ တာဂျစ်ကစ္စတန် နယ်ခြားစောင့်တပ်က ထုတ်ပြန်ပါတယ်။

တာလီဘန် စစ်သွေးကြွတွေနဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာတဲ့နောက် အာဖဂန် နစ္စတန် စစ်တပ်မှာ တပ်ပြေး အရေအတွက် ထောင်နဲ့ချီ တိုးပွားလာနေကြောင်း သိရပါတယ်။

အာဖဂန် စစ်သား တစ်ထောင်ကျော်ဟာ အိမ်နီးချင်း တာဂျစ်ကစ္စတန် နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ စစ်သားတွေဟာ အသက်လုပြီး ပြေးလာကြတာလို့ တာဂျစ်ကစ္စတန် နယ်ခြားစောင့်တပ်က ထုတ်ပြန်ပါတယ်။

အာဖဂန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စစ်တပ်နဲ့ တာလီဘန်တွေကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေ ပိုပြီး အရှိန်မြင့်လာနေပါတယ်။ အထူးသဖြင့် တာလီဘန်တွေက အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သိမ်းယူဖို့ ထိုးစစ်တွေ ပိုမို ဆင်နွှဲလာခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ NATO မဟာမိတ် တပ်တွေက နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ အာဖဂန် စစ်ဆင်ရေးကို အဆုံးသတ်လိုက်တဲ့နောက် ဒေသတွင်း မငြိမ်သက်မှုတွေ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ အမေရိကန်နဲ့ တာလီဘန်တွေ ညှိနှိုင်း သဘောတူညီမှုအရ အမေရိကန် တပ်တွေ ရုပ်သိမ်းမှုကို တာလီဘန်တွေက မနှောင့်ယှက်ခဲ့သလို တာလီဘန်တွေ ထိန်းချုပ်ထားရာ ဧရိယာတွေမှာ အယ်လ်ကိုင်ဒါနဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတွေကို လက်ခံထားမှာ မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တစ်ဖက်မှာ အာဖဂန် အစိုးရနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုက တိုးတက်မလာဘဲ ပြဿနာတွေ ဆိုးသထက် ဆိုးလာခဲ့ပါတယ်။ အာဖဂန် အစိုးရရဲ့ အာဏာစက်ဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့ သက်ရောက်မှု မရှိဘဲ နိုင်ငံ ဧရိယာရဲ့ သုံးပုံတစ်ပုံလောက်ကို တာလီဘန်တွေက ထိန်းချုပ်ထားပါတယ်။

တာဂျစ်ကစ္စတန် အာဏာပိုင်တွေကတော့ နယ်စပ်နားထိ တိုက်ပွဲတွေ ရောက်ရှိလာနိုင်တာကို ကြိုတင် စဉ်းစားပြီး အစီအမံတွေ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အခုဆိုရင် တစ်ပတ်လောက် ကာလအတွင်း တာဂျစ်ကစ္စတန်ဖက် ထွက်ပြေးလာတဲ့ အာဖဂန် စစ်သည် တစ်ထောင့် ခြောက်ရာလောက်ထိ ရှိလာပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။