Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Pfizerရဲ့ ကာကွယ်ဆေးကို Boosterအဖြစ် တတိယအကြိမ် ထပ်ထိုးပေးဖို့ စီစဉ်နေ

Pfizerဟာ Covid-19 ရောဂါအတွက် ကာကွယ်ဆေး အစောဆုံး ထုတ်လုပ် အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ Pfizerရဲ့ ဆေးဟာ တခြား ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေး အများစုလိုပဲ သီတင်း လေးပတ်လောက် ခြားပြီး နှစ်ကြိမ် ထိုးနှံဖို့ လိုအပ်ပါတယ်။

အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Pfizerက ထုတ်လုပ်ထားတဲ့ Covid-19 ကာကွယ်ဆေးကို တတိယတစ်လုံး ထပ်ထိုးပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Pfizerဟာ Covid-19 ရောဂါအတွက် ကာကွယ်ဆေး အစောဆုံး ထုတ်လုပ် အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ Pfizerရဲ့ ဆေးဟာ တခြား ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေး အများစုလိုပဲ သီတင်း လေးပတ်လောက် ခြားပြီး နှစ်ကြိမ် ထိုးနှံဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီက ဆေးရဲ့ အာနိသင် ပိုမို ထက်မြက်အောင်၊ လူ့ခန္ဓာကိုယ်က ရောဂါ တုံ့ပြန်နိုင်တဲ့ ကိုယ်ခံအားစနစ် ပိုမို ထုတ်လုပ်ပေးနိုင်အောင် တတိယအကြိမ် Boosterအဖြစ် ဆေးထိုးသင့်ကြောင်း ပြောပါတယ်။ အဲဒီ အကြံပြုချက်ဟာ ၆ လကြာ ပြုလုပ်ထားတဲ့ သုတေသန ရလဒ် စစ်တမ်းတွေအပေါ် မူတည်ပြီး သတ်မှတ်ခဲ့တာပါ။

လတ်တလောမှာတော့ Pfizerက အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေနဲ့ အကျေအလည် ဆွေးနွေးနေပြီး ခွင့်ပြုချက် ရခဲ့မယ်ဆိုရင် Pfizer ဆေးထိုးထားသူတွေကို နောက်လကစလို့ တတိယအကြိမ် Booster ထပ်ထိုးဖို့ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သုတေသနပြု လေ့လာမှုတွေအရ Covid-19 ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးကွဲတွေ များပြားလွန်းသလို လူတစ်ဦး ကာကွယ်ဆေး ထိုးထားပြီးလည်း ၆ လလောက် အကြာမှာ ရောဂါ ကူးစက်ခံရနိုင်ခြေ ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ အထူးသဖြင့် ကူးစက်နှုန်း အရမ်းမြင့်တဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်းနေတဲ့ လက်ရှိ ကာလမျိုးမှာ နောက်ဆေးတစ်လုံး Booster ထပ်ထိုးသင့်တယ်လို့ Pfizerက ယူဆနေပါတယ်။

ဒါ့အပြင် Pfizerဟာ လက်တွဲဖော် ဂျာမန် ဆေးဝါး သုတေသန လုပ်ငန်း BioNTechနဲ့အတူ ပူးပေါင်းပြီး Deltaမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် ကာကွယ်ဆေး အသစ်ကိုလည်း စမ်းသပ်နေပြီးလို့ ကုမ္ပဏီရဲ့ သိပ္ပံဌာန အကြီးအကဲ မစ်ခေးလ် ဒိုလ်စတန်က ပြောပါတယ်။ဒါပေမဲ့ လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေကို အရေးပေါ် အစားထိုး လဲလှယ်စရာ မလိုသေးဘူးလို့လည်း သူက ဆိုတယ်။

အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ကာကွယ်ဆေး ထိုးထားတဲ့ နိုင်ငံသားတွေ အနေနဲ့ Booster ထပ်ထိုးဖို့ မလိုလောက်ဘူးလို့ မှတ်ချက်ပေးပြီး မရှေးမနှောင်းမှာပဲ Pfizerက တတိယအကြိမ် ဆေးထိုးပေးဖို့ စီစဉ်နေကြောင်း သတင်း ထွက်ပေါ်လာတာပါ။

Pfizerရဲ့ ကာကွယ်ဆေးဟာ Covid-19 ကူးစက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း သိပ္ပံနည်းကျ အတည်ပြုထားပေမယ့် Deltaမျိုးကွဲ ဗိုင်းရပ်စ်ကို ဟန့်တားတဲ့ အခါမှာတော့ အတိုင်းအတာ တစ်ရပ်ထိ အာနိသင် အားလျော့သွားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် စစ်တပ်က ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့ မရနိုင်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးနေတဲ့ စစ်ဆင်ရေးတွေမှာ အစ္စရေးနဲ့အတူ ပူးပေါင်းသွားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လူမှုကွန်ရက်တွေနဲ့ ဗီဒီယို မျှဝေမှု ကွန်ရက်တွေဟာ အမေရိကန်မှာ သတင်းတွေရဲ့ ပင်မရင်းမြစ်တွေအဖြစ် စတင် နေရာယူလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန်ဆီ ပြည်ဝင်ခွင့် ဗီဇာပိတ်မယ့် နိုင်ငံတွေ စာရင်းကို အရေအတွက် တော်တော်များများ ထပ်တိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။