Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Pfizerရဲ့ ကာကွယ်ဆေးကို Boosterအဖြစ် တတိယအကြိမ် ထပ်ထိုးပေးဖို့ စီစဉ်နေ

Pfizerဟာ Covid-19 ရောဂါအတွက် ကာကွယ်ဆေး အစောဆုံး ထုတ်လုပ် အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ Pfizerရဲ့ ဆေးဟာ တခြား ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေး အများစုလိုပဲ သီတင်း လေးပတ်လောက် ခြားပြီး နှစ်ကြိမ် ထိုးနှံဖို့ လိုအပ်ပါတယ်။

အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Pfizerက ထုတ်လုပ်ထားတဲ့ Covid-19 ကာကွယ်ဆေးကို တတိယတစ်လုံး ထပ်ထိုးပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Pfizerဟာ Covid-19 ရောဂါအတွက် ကာကွယ်ဆေး အစောဆုံး ထုတ်လုပ် အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ Pfizerရဲ့ ဆေးဟာ တခြား ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေး အများစုလိုပဲ သီတင်း လေးပတ်လောက် ခြားပြီး နှစ်ကြိမ် ထိုးနှံဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီက ဆေးရဲ့ အာနိသင် ပိုမို ထက်မြက်အောင်၊ လူ့ခန္ဓာကိုယ်က ရောဂါ တုံ့ပြန်နိုင်တဲ့ ကိုယ်ခံအားစနစ် ပိုမို ထုတ်လုပ်ပေးနိုင်အောင် တတိယအကြိမ် Boosterအဖြစ် ဆေးထိုးသင့်ကြောင်း ပြောပါတယ်။ အဲဒီ အကြံပြုချက်ဟာ ၆ လကြာ ပြုလုပ်ထားတဲ့ သုတေသန ရလဒ် စစ်တမ်းတွေအပေါ် မူတည်ပြီး သတ်မှတ်ခဲ့တာပါ။

လတ်တလောမှာတော့ Pfizerက အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေနဲ့ အကျေအလည် ဆွေးနွေးနေပြီး ခွင့်ပြုချက် ရခဲ့မယ်ဆိုရင် Pfizer ဆေးထိုးထားသူတွေကို နောက်လကစလို့ တတိယအကြိမ် Booster ထပ်ထိုးဖို့ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သုတေသနပြု လေ့လာမှုတွေအရ Covid-19 ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးကွဲတွေ များပြားလွန်းသလို လူတစ်ဦး ကာကွယ်ဆေး ထိုးထားပြီးလည်း ၆ လလောက် အကြာမှာ ရောဂါ ကူးစက်ခံရနိုင်ခြေ ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ အထူးသဖြင့် ကူးစက်နှုန်း အရမ်းမြင့်တဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်းနေတဲ့ လက်ရှိ ကာလမျိုးမှာ နောက်ဆေးတစ်လုံး Booster ထပ်ထိုးသင့်တယ်လို့ Pfizerက ယူဆနေပါတယ်။

ဒါ့အပြင် Pfizerဟာ လက်တွဲဖော် ဂျာမန် ဆေးဝါး သုတေသန လုပ်ငန်း BioNTechနဲ့အတူ ပူးပေါင်းပြီး Deltaမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် ကာကွယ်ဆေး အသစ်ကိုလည်း စမ်းသပ်နေပြီးလို့ ကုမ္ပဏီရဲ့ သိပ္ပံဌာန အကြီးအကဲ မစ်ခေးလ် ဒိုလ်စတန်က ပြောပါတယ်။ဒါပေမဲ့ လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေကို အရေးပေါ် အစားထိုး လဲလှယ်စရာ မလိုသေးဘူးလို့လည်း သူက ဆိုတယ်။

အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ကာကွယ်ဆေး ထိုးထားတဲ့ နိုင်ငံသားတွေ အနေနဲ့ Booster ထပ်ထိုးဖို့ မလိုလောက်ဘူးလို့ မှတ်ချက်ပေးပြီး မရှေးမနှောင်းမှာပဲ Pfizerက တတိယအကြိမ် ဆေးထိုးပေးဖို့ စီစဉ်နေကြောင်း သတင်း ထွက်ပေါ်လာတာပါ။

Pfizerရဲ့ ကာကွယ်ဆေးဟာ Covid-19 ကူးစက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း သိပ္ပံနည်းကျ အတည်ပြုထားပေမယ့် Deltaမျိုးကွဲ ဗိုင်းရပ်စ်ကို ဟန့်တားတဲ့ အခါမှာတော့ အတိုင်းအတာ တစ်ရပ်ထိ အာနိသင် အားလျော့သွားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။