Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံကြီးတွေမှာ တတိယအကြိမ် ကာကွယ်ဆေး Booster ထိုးပေးမယ့်ကိစ္စ ဆိုင်းငံ့ထားဖို့ WHO တိုက်တွန်း

WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့ အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားရင် ထွက်ပေါ်တဲ့ ကိုယ်ခံအား Antibodyက ရေရှည် တည်မြဲတဲ့အတွက် ချမ်းသာတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အနည်းဆုံး နှစ်ကုန်ပိုင်းလောက်ထိ တတိယအကြိမ် Booster ဆေးထပ်ထိုးတာကို ဆိုင်းငံ့ထားပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေမှာ တတိယအကြိမ် ကာကွယ်ဆေး Booster ထပ်ထိုးပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံသား အများစုက ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသား နိုင်ငံကြီးတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို တတိယအကြိမ် ထပ်ထိုးဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ ဝေဖန်သံတွေ အတော်လေး ထွက်ပေါ်နေပါတယ်။ ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ ကာကွယ်ဆေးတွေ ဖောဖောသီသီ ရှိနေပေမယ့် နိုင်ငံငယ်တွေမှာ ကာကွယ်ဆေး ခေါင်းပါး ပြတ်လပ်နေခြင်းကြောင့် Booster ထပ်ထိုးမယ့်အစား ဆေးတွေ ဝေမျှပေးတာမျိုး ပိုဖြစ်သင့်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း မနည်းပါဘူး။

WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့ အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားရင် ထွက်ပေါ်တဲ့ ကိုယ်ခံအား Antibodyက ရေရှည် တည်မြဲတဲ့အတွက် ချမ်းသာတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အနည်းဆုံး နှစ်ကုန်ပိုင်းလောက်ထိ တတိယအကြိမ် Booster ဆေးထပ်ထိုးတာကို ဆိုင်းငံ့ထားပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံအလိုက် အစိုးရတွေနဲ့ရော၊ ဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကိုပါ ပြန်သုံးသပ် စဉ်းစားစေချင်ကြောင်း၊ ဆင်းရဲတဲ့ နိုင်ငံငယ်လေးတွေက အကြွင်းအကျန် ကာကွယ်ဆေးလောက်နဲ့ ကျေနပ်သင့်ပြီဆိုတဲ့ အတွေးမျိုး မထားသင့်ကြောင်း စက်တင်ဘာ ၈ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာ တက်ဒ်ရော့စ်က တိုက်တွန်းသွားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေကို တတိယအကြိမ် Boosterထိုးစေဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကတော့ WHOရဲ့ အကြံပြုချက်ဟာ လက်တွေ့ မကျကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက WHOရဲ့ အယူအဆဟာ မှားယွင်းတဲ့ ရွေးချယ်မှု တစ်ခုလို့ ပြောနိုင်ကြောင်း၊ အမေရိကန်ဟာ ပြည်တွင်းမှာ ကာကွယ်ဆေး ထပ်ထိုးဖို့ လုပ်ဆောင်နေသလို နိုင်ငံပေါင်း ၉၀ လောက်ကို ကာကွယ်ဆေး အလုံးပေါင်း သန်း ၁၄၀ လောက် တင်ပို့ထားကြောင်း၊ ဒါဟာ တခြားနိုင်ငံတွေ အားလုံးက စုပေါင်း လှူဒါန်းတဲ့ ပမာဏထက်တောင် ပိုများကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။