Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငလျင်လှုပ်ခတ်မှုကြောင့် မဲလ်ဘုန်းမှာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်

ငလျင်ရဲ့ သက်ရောက်မှုဒဏ်ကို မဲလ်ဘုန်းမှာ သိသိသာသာ ခံစားခဲ့ရပြီး အဆောက်အအုံတချို့ ထိခိုက် ပျက်စီးမှု ရှိခဲ့ပါတယ်။

ရစ်ချ်တာစကေး ၅.၈ အဆင့် ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မဲလ်ဘုန်းမြို့မှာ ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဒီငလျင်ဟာ ဩစတြေးလျ အရှေ့တောင်ပိုင်း၊ ဗစ်တိုးရီးယား ပြည်နယ်ထဲက မန်းစ်ဖီးလ်ကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ မန်းစ်ဖီးလ်ဟာ ပြည်နယ်မြို့တော် မဲလ်ဘုန်းနဲ့ သိပ်မဝေးပါဘူး။ ငလျင်ရဲ့ သက်ရောက်မှုဒဏ်ကို မဲလ်ဘုန်းမှာ သိသိသာသာ ခံစားခဲ့ရပြီး အဆောက်အအုံတချို့ ထိခိုက် ပျက်စီးမှု ရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က ထိခိုက်မှု စာရင်းကို စုံစမ်းနေကြောင်း၊ လတ်တလောမှာတော့ သေကြေ ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ ဆိုးဆိုးရွားရွား သတင်းမျိုးတွေ မကြားရကြောင်း ပြောကြားခဲ့ပါတယ်။

ငလျင် လှုပ်ရှားမှုကို တောင်ပိုင်း ဩစတြေးလျနဲ့ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်တွေကပါ သက်ရောက် ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ရစ်ချ်တာစကေး ၄.၀ နဲ့ ၃.၁ အဆင့် နောက်ဆက်တွဲ ငလျင်ငယ် အနည်းဆုံးနှစ်ခု ထပ်လှုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ကို ရောက်နေတဲ့ မော်ရစ်ဆန်က ဩစတြေးလျဟာ ငလျင်လှုပ်ခတ်မှုတွေနဲ့ သိပ်ပြီး ကြုံတွေ့လေ့ မရှိတဲ့ နိုင်ငံ ဖြစ်တာကြောင့် အခုအခြေအနေအတွက် အတော်လေး အထိတ်တလန့် ဖြစ်ခဲ့ကြောင်းလည်း ပြောပါတယ်။ လတ်တလောမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်ခြေအပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မဲလ်ဘုန်းမှာ လူဦးရေ ၅ သန်းလောက် နေထိုင်ပြီး ဩစတြေးလျ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် မြို့ထဲမှာ Lockdown ကြေညာထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။