Connect with us

Hi, what are you looking for?

News

အမုန်းတရား ဖြန့်လို့ ဖျက်ခဲ့တဲ့ ပို့စ်တွေကို ထုတ်ပြပေးဖို့ Facebookကို အမေရိကန် တရားရုံး ညွှန်ကြား

အဲဒီလို အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ ပြဿနာကို နိုင်ငံတကာ တရားရုံးမှာ အမှုတင်သွင်းရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း၊ ကြေကွဲစရာတွေ ကြုံပြီး ထိခိုက်နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ကူညီ ရှာဖွေပေးနိုင်မှာဖြစ်ကြောင်း တရားသူကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးရေး အခြေခံတဲ့ အမုန်းတရား ဖြန့်ဝေမှုတွေကြောင့် ဖျက်ပစ်ခဲ့ရတဲ့ ပို့စ်တွေက အချက်အလက် မှတ်တမ်းတွေကို လွှဲအပ်ပေးဖို့ Facebookကို အမေရိကန် တရားရုံး တစ်ခုက ညွှန်ကြားလိုက်ပါတယ်။

၂၀၁၈ တုန်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ဖိနှိပ်ခဲ့တဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး လူမျိုးရေးအရ အမုန်းတရား ဖြန့်ဝေတဲ့ အကောင့်တွေကို Facebookက ပိတ်သိမ်းခဲ့သလို လှုံ့ဆော်မှု အရေးအသားပါတဲ့ ပို့စ်တွေကို ဖျက်ပစ်ခဲ့ပါတယ်။ အဲဒီတုန်းက အမုန်းတရား ဖြန့်ဝေတဲ့ ပေ့ဂျ်တွေနဲ့ အကောင့်တွေကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်တာမျိုး မရှိလို့ဆိုပြီး Facebook အနေနဲ့ အတော်လေး ဝေဖန်ပြစ်တင် ခံခဲ့ရပါသေးတယ်။

အခုအခါမှာတော့ Facebookအနေနဲ့ ဖျက်ပစ်ခဲ့တဲ့ ပို့စ်တွေရဲ့ အချက်အလက်တွေကို အမေရိကန် အာဏာပိုင်တွေဆီ လွှဲအပ်ပေးဖို့ တရားရုံးက ညွှန်ကြားလိုက်တာပါ။ ဝါရှင်တန်က ပြည်ထောင်စု တရားသူကြီး တစ်ဦးက အခုလို ညွှန်ကြားလိုက်တာဖြစ်ပြီး အစောပိုင်းမှာ Facebookအနေနဲ့ မြန်မာလိုမျိုး အလားတူ ပြဿနာတွေ ရှိနေတဲ့ နိုင်ငံတွေဆီက အမုန်းတရား ဖြန့်ဝေသူတွေရဲ့ အချက်အလက်တွေကို ထုတ်ပြန်မပေးခဲ့တဲ့အပေါ် ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

အဲဒီလို အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ ပြဿနာကို နိုင်ငံတကာ တရားရုံးမှာ အမှုတင်သွင်းရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း၊ ကြေကွဲစရာတွေ ကြုံပြီး ထိခိုက်နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ကူညီ ရှာဖွေပေးနိုင်မှာဖြစ်ကြောင်း တရားသူကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Facebookဟာ အမုန်းတရား ဖြန့်ဝေတဲ့ အကောင့်တွေကို ပိတ်သိမ်းခဲ့၊ ပို့စ်တွေကို ဖျက်ပစ်ခဲ့ပေမယ့် အကြောင်းအရာ အချက်အလက်တွေ လွှဲပေးရေးကိုတော့ ခေါင်းမာမာနဲ့ ငြင်းဆိုခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖွင့်ချပေးတာဟာ အမေရိကန်ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ကျနေတယ်လို့လည်း ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် မီဒီယာကြီးက အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ပို့စ်တွေကတော့ ဥပဒေရဲ့ အကာအကွယ်အောက်မှာ အပြည့်အဝ မရှိနေတော့ဘူးလို့ တရားသူကြီး ဇီရာဖာကေက ဆုံးဖြတ်ခဲ့ပါတယ်။ Facebook အနေနဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုတဲ့ ခေါင်းစဉ်ကို သုံးစွဲနေပေမယ့် လက်တွေ့ အခြေအနေတွေမှာ ဆန့်ကျင်ဖက် သဘောမျိုး ဖြစ်နေတယ်လို့လည်း တရားသူကြီးက ပြောပါတယ်။

Facebook အနေနဲ့ အခု တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်ရင် အယူခံ ဆက်ပြီး ဝင်ခွင့် ရှိပါတယ်။ မဟုတ်ရင်တော့ အမုန်းတရား ဖြန့်ဝေမှု၊ သတင်းမှား ဖြန့်ဝေမှု၊ ရန်လိုမုန်းတီးအောင် လှုံ့ဆော်မှုတွေနဲ့ အကောင့်တုတွေသုံးပြီး တင်ခဲ့တဲ့ အဆိပ်အတောက် ပို့စ်တွေဆီက အချက်အလက်တွေကို ထုတ်ပေးရမှာပါ။ အဲဒီပို့စ်တွေကို Facebookက ဖျက်လိုက်ပြီ ဖြစ်ပေမယ့် မှတ်တမ်း အချက်အလက်တွေကိုတော့ သိမ်းဆည်းထားဆဲ ဖြစ်ပါတယ်။

Facebookရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကုမ္ပဏီက ပြန်လည် သုံးသပ်သွားမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရတာကို Facebook အနေနဲ့ ဆန့်ကျင်ပြီး နိုင်ငံတကာ မှုခင်းတွေကို တရားဥပဒေနဲ့အညီ စီရင်နိုင်ရေးအတွက်လည်း ထောက်ပံ့ကူညီဖို့ လိုလားကြောင်း အဲဒီ အမျိုးသမီးက ဆိုပါတယ်။

၂၀၁၈ မှာတော့ Facebookက မြန်မာစစ်တပ် အကြီးအကဲ မင်းအောင်လှိုင် အပါအဝင် ဆက်စပ် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့ရဲ့ ပေ့ဂျ်တွေကို ပိတ်ပစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို အားပေး လှုံ့ဆော်တဲ့ ပို့စ်တွေ တင်ပြီး မွတ်ဆလင် ကြီးစိုးမယ်ဆိုတဲ့ အမုန်းတရား ဝါဒဖြန့်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာကြောင့်ပါ။

ကုလသမဂ္ဂရဲ့ စစ်ဆေးတွေ့ရှိမှုတွေအရ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် စနစ်တကျ စစ်ဆင်ရေးတွေ ဆင်နွှဲပြီး ရက်ရက်စက်စက် ဖိနှိပ် သတ်ဖြတ်ခဲ့တာကြောင့် လူပေါင်း တစ်သောင်းကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီပြဿနာကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခုနစ်သိန်းလောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ခိုလှုံ တိမ်းရှောင်ခဲ့ရပါတယ်။ မြန်မာစစ်တပ်ဟာ ၂၀၁၇ တုန်းက ရခိုင်မှာ ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ မျိုးနွယ်စုတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အမျိုးသမီးတွေကိုလည်း အုပ်စုဖွဲ့ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။