Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆင်းရဲနွမ်းပါးလွန်းတဲ့ အာဖဂန် မိသားစုတချို့ သားသမီးတွေကို ရောင်းစားနေရ

ဆာလီဟာရဲ့ သမီးကို ဝယ်ယူဖို့ လက်ခံလိုက်တဲ့ ကြွေးရှင်ဖြစ်သူက သူကိုယ်တိုင်လည်း စီးပွားရေး မပြေလည်တော့သလို ဆာလီဟာတို့ကလည်း အကြွေးပေးစရာ မရှိကြောင်း၊ ဒီတော့ သူတို့ရဲ့ သမီးကို လက်ခံလိုက်ရုံအပြင် တခြား ရွေးစရာလည်း မရှိတော့ကြောင်း ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှု ပြဿနာကြောင့် အာဖဂန်မှာ မိဘတွေက သားသမီးတွေကို ရောင်းစားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနေကြောင်း သိရပါတယ်။

Wall Street ဂျာနယ်က စုံစမ်းဖော်ထုတ် ရေးသားထားတဲ့ ဆောင်းပါးမှာ အာဖဂန် မိဘတချို့ဟာ ဆင်းရဲကျပ်တည်းမှုဒဏ် မခံနိုင်တော့တဲ့နောက် သားသမီးတွေကို ရောင်းချဖို့ မဖြစ်မနေ ဆုံးဖြတ်နေရကြောင်း ဖော်ပြထားပါတယ်။

အာဖဂန် အနောက်ပိုင်းက အိမ်အကူ အမျိုးသမီး တစ်ဦးဖြစ်တဲ့ ဆာလီဟာက သူဟာ ဒေါ်လာ ၅၅၀ ဖိုးလောက် အကြွေးတွေ တင်နေတာကို ပြန်ဆပ်ဖို့ သူ့ရဲ့ ၃ နှစ်အရွယ် သမီးကို အမျိုးသား တစ်ဦးဆီ ရောင်းချလိုက်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဆာလီဟာရဲ့ ပျမ်းမျှ တစ်နေ့လုပ်ခဟာ တစ်ဒေါ်လာအောက် ငွေကြေးမျှသာ ရှိပါတယ်။ သူ့ရဲ့ ခင်ပွန်းသည်က အလုပ်မရှိပါဘူး။

ဘဝပေး အခြေအနေက ဒီထက် ဆိုးလာရင် ကိုယ့်ကိုယ်ကိုယ်ရော၊ တခြား ကလေးတွေကိုပါ အဆုံးစီရင်လိုက်ရုံသာ ကျန်တော့တယ်လို့ ဆာလီဟာက မျက်ရည်လည်ရွဲနဲ့ ဖွင့်ဟခဲ့ပါတယ်။ ဒီလို ရင်ကွဲနာကျလောက်တဲ့ အကျပ်အတည်းတွေ ကြုံနေရတာ ဆာလီဟာ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အာဖဂန်က မိသားစု အများအပြားဟာ သားသမီးတွေကို ရောင်းချပြီး အကြွေးကိစ္စတွေ၊ ငွေကြေး အကျပ်အတည်းတွေကို ဖြေရှင်းနေရတယ်လို့ Wall Streetက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆာလီဟာရဲ့ သမီးကို ဝယ်ယူဖို့ လက်ခံလိုက်တဲ့ ကြွေးရှင်ဖြစ်သူက သူကိုယ်တိုင်လည်း စီးပွားရေး မပြေလည်တော့သလို ဆာလီဟာတို့ကလည်း အကြွေးပေးစရာ မရှိကြောင်း၊ ဒီတော့ သူတို့ရဲ့ သမီးကို လက်ခံလိုက်ရုံအပြင် တခြား ရွေးစရာလည်း မရှိတော့ကြောင်း ပြောပါတယ်။

အာဖဂန်မှာ တာလီဘန် စစ်သွေးကြွအဖွဲ့ အာဏာရလာတဲ့နောက်ပိုင်း တစ်နိုင်ငံလုံး ချွတ်ခြုံကျ ဆင်းရဲသွားမယ့် လမ်းကြောင်းဆီ မြန်မြန်ဆန်ဆန် ဦးတည်နေကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက သတိပေးထားခဲ့ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန် အခြေစိုက် အမေရိကန် တပ်တွေကို ပြန်ရုပ်သိမ်းစေခဲ့တဲ့နောက် တာလီဘန်တွေက ချက်ချင်း စစ်ရေးသာလာပြီး တစ်နိုင်ငံလုံးကို ထိန်းချုပ်သွားခဲ့ပါတယ်။

၂၀၀၁ ကစလို့ အာဖဂန်မှာ အမေရိကန်တပ်တွေ ဖြန့်ကျက်ထားချိန် အတောအတွင်း စီးပွားရေးနဲ့ တခြားကဏ္ဍတချို့မှာ တိုးတက်မှုတွေ ရှိလာပေမယ့် အခုတော့ အားလုံး နောက်ပြန်ဆုတ်ကုန်တော့မယ့် လမ်းကြောင်းဆီ ဦးတည်နေပါပြီ။ အမေရိကန်မှာ အာဖဂန်ရဲ့ အရန်ငွေသား ဒေါ်လာ ၁၀ ဘီလီယံလောက် အပ်နှံထားတာကိုလည်း တာလီဘန်တွေဆီ လွှဲမပေးသေးဘဲ ဘိုင်ဒန်ရဲ့ အစိုးရက တားဆီးထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။

သတင်း

ဒေါ်အေး၏ အမျိုးသားနှင့် သားကြီးဖြစ်သူသည် ထပ်မံသတ်ဖြတ်ခံရမည်ကို စိုး‌ရိမ်သောကြောင့် ထွက်ပြေးတိမ်း‌ရှောင်နေရသည်ဟု ဆိုသည်။ ထို့ကြောင့် ဒေါ်အေးတို့မိသားစု၏ နာရေးကို မိသားစုဝင်များမရှိ၍ ရပ်ကွက်က ပြုလုပ်ပေးခဲ့ရသည်။

သတင်း

အင်းစိန်အကျဥ်းထောင်ရှေ့မှာလည်း လွတ်မယ်လို့အကြောင်းကြားခံရတဲ့၊ သတင်းရထားတဲ့ မိသားစုဝင်တွေလာရောက်စောင့်ဆိုင်းနေကြပါတယ်။

နိုင်ငံတကာ

မနှစ်က ဇွန်လတုန်းကလည်း အာဖဂန်ရဲ့ ပက်တီကာ ဒေသမှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးပြီး ၂၅ နှစ်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။