Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရီးယားစစ်ပွဲ တရားဝင် အဆုံးသတ်ရေးကိစ္စ ဆွေးနွေးနေကြောင်း တောင်ကိုရီးယား သမ္မတပြော

၁၉၅၀ ကနေ ၁၉၅၃ ထိ ဖြစ်ပွားတဲ့ ကျွန်းဆွယ် စစ်ပွဲအပြီးမှာ ကိုရီးယား နှစ်နိုင်ငံ ကွဲသွားခဲ့ပါတယ်။ ၁၉၅၃ မှာ နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ်တော့ မချုပ်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် တောင်နဲ့မြောက် ကိုရီးယားတို့ဟာ ဒီနေ့ထိ စစ်ဖြစ်နေဆဲ နိုင်ငံတွေလို့ သတ်မှတ်နိုင်ပါတယ်။

ကိုရီးယား စစ်ပွဲ တရားဝင် အဆုံးသတ်ဖို့ ကနဦးအဆင့် အခြေခံ မူတွေကို သဘောတူညီမှု ရရှိထားပြီလို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့ပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ ထိ ဖြစ်ပွားတဲ့ ကျွန်းဆွယ် စစ်ပွဲအပြီးမှာ ကိုရီးယား နှစ်နိုင်ငံ ကွဲသွားခဲ့ပါတယ်။ ၁၉၅၃ မှာ နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ်တော့ မချုပ်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် တောင်နဲ့မြောက် ကိုရီးယားတို့ဟာ ဒီနေ့ထိ စစ်ဖြစ်နေဆဲ နိုင်ငံတွေလို့ သတ်မှတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေလည်း ပြန်လည် မြင့်တက်ခဲ့တဲ့နောက် အခုအခါ တရုတ်နဲ့ အမေရိကန်ကပါ ကြားဝင်ပြီး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ မွန်းက ကိုရီးယား နှစ်နိုင်ငံနဲ့ တရုတ်၊ အမေရိကန်တို့ဟာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေးကိစ္စ မူအားဖြင့် သဘောတူထားပေမယ့် မြောက်ကိုရီးယားဖက်က လိုက်လျောဖို့ခက်တဲ့ တောင်းဆိုမှုတချို့ ရှိနေတာကြောင့် ရှေ့ဆက်ဖို့ အခက်တွေ့နေကြောင်း ပြောပါတယ်။

စက်တင်ဘာလတုန်းက မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ယိုဂျောင်ရဲ့ ညီမလည်းဖြစ်၊ မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာ အကြီးဆုံး အမျိုးသမီးလို့ သတ်မှတ် ခံထားရသူလည်းဖြစ်တဲ့ ကင်မ်ယိုဂျောင်က သူ့ရဲ့ နိုင်ငံဟာ ဆွေးနွေးမှုတွေ အားလုံးအတွက် လမ်းဖွင့်ပေးထားကြောင်း၊ ဒါပေမဲ့ အဲဒီ မတိုင်ခင်မှာ အမေရိကန်က မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ မူဝါဒတွေ ကျင့်သုံးနေတာ ရပ်တန့်ပေးဖို့ လိုကြောင်း သတိပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၃ ရက်မှာတော့ မွန်းက အခုအခါမှာ မြောက်ကိုရီးယားဖက်က တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ အကြို ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြုခဲ့ပါတယ်။ မွန်းဟာ သူ့ရဲ့ သမ္မတ သက်တမ်း ကာလတလျှောက်မှာ မြောက်ကိုရီးယားနဲ့ ထိတွေ့ ဆွေးနွေးမှုတွေ ပိုမို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့သူပါ။ လတ်တလောမှာတော့ မွန်းဟာ ဩစတြေးလျကို ရောက်ရှိနေပြီး ကင်ဘာရာက သတင်းစာ ရှင်းလင်းပွဲ တစ်ခုကနေ အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...