Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Pfizerနဲ့ Sinovac ကာကွယ်ဆေးတွေ နှစ်ကြိမ် ထိုးထားရုံနဲ့ Omicron ကူးစက်မှုကို မဟန့်တားနိုင်

ဒီဆေးနှစ်မျိုးဟာ ကမ္ဘာအနှံ့မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တရုတ်ရဲ့ ကာကွယ်ဆေးတွေကို မှာယူ သုံးစွဲနေကြရပါတယ်။

အသုံးများတဲ့ ကိုဗစ် ကာကွယ်ဆေး နှစ်မျိုးဟာ နှစ်ကြိမ် အပြည့် ထိုးနှံထားရုံနဲ့ Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တားဖို့ လုံလောက်မှာ မဟုတ်ကြောင်း သုတေသန စစ်တမ်းတွေက ဖော်ပြနေပါတယ်။

ဟောင်ကောင် တက္ကသိုလ်က ပညာရှင်တွေဟာ Sinovacနဲ့ Pfizer ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသူတွေ အနေနဲ့ တတ်နိုင်သမျှ မြန်မြန် တတိယအကြိမ် Booster ဆေးတစ်လုံး ထပ်ထိုးကြဖို့ တိုက်တွန်းလိုက်ကြပါတယ်။ ဒီဆေးတွေကို နှစ်ကြိမ် ထိုးထားပြီး လှုံ့ဆော်ပေးတဲ့ ကိုယ်ခံအား Antibody စနစ်ဟာ Omicronကို တားဆီးဖို့ လုံလောက်တဲ့ ပမာဏမျိုး မရှိနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ဟောင်ကောင် တက္ကသိုလ်က ပညာရှင်တွေဟာ Pfizerရဲ့ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသူ ၂၅ ဦးရဲ့ သွေးရည်ကြည်တွေကို ဓာတ်ခွဲ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ Omicronကို ဟန့်တားနိုင်တဲ့ Antibody ရရှိထားသူ ၅ ဦးသာ တွေ့ရှိခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ Omicronမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ဟာ Pfizerဆေးရဲ့ အာနိသင်ကို ၂၄၊ ၂၅ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ကျန်တော့တဲ့ထိ လျော့နည်းသွားနိုင်တယ် ဆိုတာမျိုး ဖြစ်ပါတယ်။ တောင်အာဖရိကမှာ ကနဦး စမ်းသပ်ခဲ့ချိန်တုန်းကတော့ Omicronဟာ Pfizerရဲ့ ကာကွယ်ဆေးကို ၃၃ ရာခိုင်နှုန်းလောက်ထိ အာနိသင် ကျဆင်းစေနိုင်တယ်လို့ ညွှန်ပြထားပါတယ်။ Sinovacက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံထားသူတွေဆီက သွေးရည်ကြည်ကို ဟောင်ကောင် တက္ကသိုလ်မှာ စမ်းသပ် စစ်ဆေးခဲ့တဲ့ အခါမှာတော့ Omicronကို ဟန့်တားနိုင်တဲ့ Antibody လှုံ့ဆော်မှု ရှိနေသူ တစ်ဦးမှ မတွေ့ခဲ့ပါဘူး။

အမေရိကန် ကုမ္ပဏီ Pfizerက ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးထားရင်တော့ Omicron ကူးစက်မှုတွေကို အတော်လေး ထိထိရောက်ရောက် ဟန့်တားနိုင်စွမ်း ရှိနေဆဲလို့ ပြောကြားထားပါတယ်။ တရုတ် ကုမ္ပဏီ Sionvacကလည်း တတိယအကြိမ် ကာကွယ်ဆေး Booster ထိုးထားမယ်ဆိုရင် Omicronအတွက် လုံလောက်တဲ့ Antibody ထွက်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဆေးနှစ်မျိုးဟာ ကမ္ဘာအနှံ့မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တရုတ်ရဲ့ ကာကွယ်ဆေးတွေကို မှာယူ သုံးစွဲနေကြရပါတယ်။

တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့တဲ့ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းလဲမှုတွေ ထူထူထပ်ထပ် ဖြစ်ပေါ်နေပြီး ရှိရင်းစွဲ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျသွားစေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားထားပါတယ်။ ပြီးတော့ Omicronဟာ ကြုံဖူးသမျှ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အားလုံးမှာ ကူးစက်နှုန်း အမြင့်ဆုံး အမျိုးအစား ဖြစ်တယ်လို့လည်း WHOက အတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။