Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Pfizerနဲ့ Sinovac ကာကွယ်ဆေးတွေ နှစ်ကြိမ် ထိုးထားရုံနဲ့ Omicron ကူးစက်မှုကို မဟန့်တားနိုင်

ဒီဆေးနှစ်မျိုးဟာ ကမ္ဘာအနှံ့မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တရုတ်ရဲ့ ကာကွယ်ဆေးတွေကို မှာယူ သုံးစွဲနေကြရပါတယ်။

အသုံးများတဲ့ ကိုဗစ် ကာကွယ်ဆေး နှစ်မျိုးဟာ နှစ်ကြိမ် အပြည့် ထိုးနှံထားရုံနဲ့ Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တားဖို့ လုံလောက်မှာ မဟုတ်ကြောင်း သုတေသန စစ်တမ်းတွေက ဖော်ပြနေပါတယ်။

ဟောင်ကောင် တက္ကသိုလ်က ပညာရှင်တွေဟာ Sinovacနဲ့ Pfizer ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသူတွေ အနေနဲ့ တတ်နိုင်သမျှ မြန်မြန် တတိယအကြိမ် Booster ဆေးတစ်လုံး ထပ်ထိုးကြဖို့ တိုက်တွန်းလိုက်ကြပါတယ်။ ဒီဆေးတွေကို နှစ်ကြိမ် ထိုးထားပြီး လှုံ့ဆော်ပေးတဲ့ ကိုယ်ခံအား Antibody စနစ်ဟာ Omicronကို တားဆီးဖို့ လုံလောက်တဲ့ ပမာဏမျိုး မရှိနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ဟောင်ကောင် တက္ကသိုလ်က ပညာရှင်တွေဟာ Pfizerရဲ့ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသူ ၂၅ ဦးရဲ့ သွေးရည်ကြည်တွေကို ဓာတ်ခွဲ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ Omicronကို ဟန့်တားနိုင်တဲ့ Antibody ရရှိထားသူ ၅ ဦးသာ တွေ့ရှိခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ Omicronမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ဟာ Pfizerဆေးရဲ့ အာနိသင်ကို ၂၄၊ ၂၅ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ကျန်တော့တဲ့ထိ လျော့နည်းသွားနိုင်တယ် ဆိုတာမျိုး ဖြစ်ပါတယ်။ တောင်အာဖရိကမှာ ကနဦး စမ်းသပ်ခဲ့ချိန်တုန်းကတော့ Omicronဟာ Pfizerရဲ့ ကာကွယ်ဆေးကို ၃၃ ရာခိုင်နှုန်းလောက်ထိ အာနိသင် ကျဆင်းစေနိုင်တယ်လို့ ညွှန်ပြထားပါတယ်။ Sinovacက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံထားသူတွေဆီက သွေးရည်ကြည်ကို ဟောင်ကောင် တက္ကသိုလ်မှာ စမ်းသပ် စစ်ဆေးခဲ့တဲ့ အခါမှာတော့ Omicronကို ဟန့်တားနိုင်တဲ့ Antibody လှုံ့ဆော်မှု ရှိနေသူ တစ်ဦးမှ မတွေ့ခဲ့ပါဘူး။

အမေရိကန် ကုမ္ပဏီ Pfizerက ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးထားရင်တော့ Omicron ကူးစက်မှုတွေကို အတော်လေး ထိထိရောက်ရောက် ဟန့်တားနိုင်စွမ်း ရှိနေဆဲလို့ ပြောကြားထားပါတယ်။ တရုတ် ကုမ္ပဏီ Sionvacကလည်း တတိယအကြိမ် ကာကွယ်ဆေး Booster ထိုးထားမယ်ဆိုရင် Omicronအတွက် လုံလောက်တဲ့ Antibody ထွက်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဆေးနှစ်မျိုးဟာ ကမ္ဘာအနှံ့မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တရုတ်ရဲ့ ကာကွယ်ဆေးတွေကို မှာယူ သုံးစွဲနေကြရပါတယ်။

တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့တဲ့ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းလဲမှုတွေ ထူထူထပ်ထပ် ဖြစ်ပေါ်နေပြီး ရှိရင်းစွဲ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျသွားစေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားထားပါတယ်။ ပြီးတော့ Omicronဟာ ကြုံဖူးသမျှ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အားလုံးမှာ ကူးစက်နှုန်း အမြင့်ဆုံး အမျိုးအစား ဖြစ်တယ်လို့လည်း WHOက အတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။