နိုင်ငံတကာ Omicron ထပ်ဆင့်မျိုးကွဲတွေက ကိုဗစ် လူနာဟောင်းတွေကိုရော၊ ကာကွယ်ဆေး ထိုးထားသူတွေကိုပါ ကူးစက်နိုင် သုတေသန အချက်အလက်တွေက Omicron ဆင့်ပွား မျိုးကွဲသစ်တွေဟာ ကာကွယ်ဆေး ထိုးနှံနှုန်း အရမ်းမြင့်တဲ့ လူ့အဖွဲ့အစည်းမျိုး၊ BA.1နဲ့ BA.2 ကူးစက်မှုတွေကြောင့် ကိုယ်ခံအား ရရှိထားပြီးသား လူ့အဖွဲ့အစည်းမျိုးထဲမှာကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ကူးစက်နိုင်တယ်လို့ ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။ LuduNwayOoဇွန် 23, 2022
နိုင်ငံတကာ Omicronရဲ့ ဆင့်ပွားမျိုးကွဲက ကူးစက်နှုန်းရော၊ ရောဂါ ပြင်းထန်နိုင်ခြေပါ ပိုဆိုးလာနိုင်တယ်လို့ဆို ပိုပြီး သတိထားရမယ့် အချက်က BA.2ဟာ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကုထုံးတချို့ကိုပါ ကျော်လွှားနိုင်ခြေ ရှိနေခြင်းပါပဲ။ ဂျပန်မှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေအရ BA.2ဟာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တတ်တဲ့ Delta မျိုးကွဲထက်တောင် ပိုပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း... LuduNwayOoဖေဖော်ဝါရီ 18, 2022
ဗီဒီယို Deltaနဲ့ Omicron ပေါင်းစပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဗြိတိန် ပညာရှင်တွေ စောင့်ကြည့်နေ ဒါဟာ လူနာတစ်ဦးက မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် နှစ်မျိုးစလုံး ကူးစက်ခံရပြီး မျိုးဗီဇ ပေါင်းစပ်သွားတာ ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပေမယ့် ဗြိတိန်အပြင် တခြားနိုင်ငံတွေမှာပါ ဒီလို ကိစ္စမျိုးတွေ ရှိနေသေးသလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။ LuduNwayOoဖေဖော်ဝါရီ 14, 2022
ဗီဒီယို အိုမီခရွန်နဲ့ ပုံမှန် ရန်ကုန် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက Covid-19 တွေ့ရှိတဲ့ လူနာစာရင်းကို နေ့စဉ်ကြေညာပေးနေပေမယ့် အခုရက်ပိုင်း နေရာတော်တော်များများမှာ Covid- 19 လက္ခဏာနဲ့ ဆင်တူတဲ့ဖျားနာနေမှုတွေရှိနေကြာင့် ထုတ်ပြန်ချက်ထက်ပိုများနိုင်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 9, 2022
နိုင်ငံတကာ Omicronရဲ့ ထပ်ဆင့်မျိုးကွဲက ကူးစက်နှုန်း ပိုမြန်တယ်လို့ ဒိန်းမတ် သုတေသီတွေပြော BA.2ဟာ မူလ BA.1(Omicron)ကို လွှမ်းမိုးလာပြီး ပြည်တွင်းက ကိုဗစ် ကူးစက်မှုတွေမှာ အဓိက အကျဆုံး ဦးဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာတယ်လို့ ဒိန်းမတ်က ဆေးသုတေသန စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 1, 2022
နိုင်ငံတကာ Omicron အထူးပြု ကာကွယ်ဆေး Booster စစမ်းတော့မယ့် Moderna ပြိုင်ဘက် အမေရိကန် ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Pfizerကလည်း Omicronအတွက် သီးခြား Booster စမ်းသပ်မှုတွေ စတင်တော့မယ်လို့ ကြေညာပြီး မရှေးမနှောင်းမှာ Modernaက အခု အစီအစဉ်ကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။ LuduNwayOoဇန်နဝါရီ 27, 2022
နိုင်ငံတကာ ရုရှားလုပ် ကာကွယ်ဆေးက Omicron ကူးစက်မှုကို ဟန့်တားရာမှာ ပိုမို အာနိသင် ထက်မြက်နိုင်တယ်လို့ဆို Omicronကို ချေဖျက်နိုင်တဲ့ စွမ်းရည်သတ္တိမှာ ရုရှားလုပ် ကိုဗစ် ကာကွယ်ဆေး Sputnik Vက အမေရိကန် ကုမ္ပဏီ Pfizerက ထုတ်လုပ်တဲ့ ဆေးထက် ပိုထက်မြက်ကြောင်း အသေးစား ဓာတ်ခွဲ သုတေသန လေ့လာမှု တစ်ခုက ညွှန်ပြနေပါတယ်။ LuduNwayOoဇန်နဝါရီ 21, 2022
ဗီဒီယို ကာကွယ်ဆေး ၄ကြိမ် ထိုးထားလည်း Omicronကို တားဖို့ မလွယ်ဘူးလို့ အစ္စရေး သုတေသီတွေပြော ကိုဗစ် ကာကွယ်ဆေး ၄ ကြိမ်မြောက်အဖြစ် Booster ထိုးထားလည်း Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာ မဟုတ်ကြောင်း အစ္စရေးမှာ ပြုလုပ်တဲ့ စစ်တမ်း တစ်ရပ်က ဖော်ပြခဲ့ပါတယ်။ LuduNwayOoဇန်နဝါရီ 20, 2022
ဗီဒီယို ပြည်ပက ရောက်လာတဲ့ ပါဆယ်ထုပ်ကနေ Omicron ဗိုင်းရပ်စ် ကပ်ပါလာတယ်လို့ တရုတ်ယူဆ တရုတ်ကို Omicron ရောက်ရှိနေပြီလို့ အတည်ပြုနိုင်ခဲ့တဲ့နောက် ပြည်ပက တင်ပို့လိုက်တဲ့ စာနဲ့ ပါဆယ်ထုပ်တွေကို သေချာ ပိုးသတ်ဖို့၊ စာပို့ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးပြီးကြောင်း ခိုင်မာစေဖို့ ကြပ်မတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ LuduNwayOoဇန်နဝါရီ 18, 2022
နိုင်ငံတကာ Omicronကြောင့် ရောဂါ ပြင်းထန်နိုင်ခြေက လျော့ကျသွားတယ်လို့ ဗြိတိန် အစိုးရ ထုတ်ပြန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က Omicronဟာ ရောဂါပြင်းထန်နိုင်ခြေ လျော့လာတာ ဖြစ်နိုင်ပေမယ့် ကူးစက်နှုန်း အရမ်းမြန်လွန်းတာကြောင့် လူသားမျိုးနွယ်ကို အကြီးအကျယ် ဒုက္ခပေးနိုင်ဆဲလို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ ဗြိတိန်ကလည်း အခုလို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ LuduNwayOoဇန်နဝါရီ 16, 2022