Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Pfizer ကာကွယ်ဆေးထိုးတဲ့ ကလေးတချို့ နှလုံးကြွက်သား ရောင်တာမျိုး ဖြစ်တယ်လို့ အမေရိကန် CDCပြော

အမေရိကန်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြားအရွယ် ကလေးငယ် ၅.၁ သန်းက ကာကွယ်ဆေး ၁ ကြိမ် ထိုးထားပြီး ၂ ကြိမ်အပြည့် ထိုးထားတဲ့ ဦးရေကတော့ ၂ သန်းကျော်လောက်ထိ များပြားလာပြီလို့ သိရပါတယ်။

အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေကို Pfizerက ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးရာမှာ နှလုံးကြွက်သား ရောင်ရမ်းတဲ့ ပြဿနာတချို့ ရှိခဲ့ကြောင်း အမေရိကန် ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာန (CDC)က ထုတ်ပြန်ခဲ့ပါတယ်။

Pfizerက BioNTechနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ အမေရိကန်နဲ့ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံကြီး တချို့မှာ အသုံးအများဆုံး ကာကွယ်ဆေး တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ အသက် ၁၂ နှစ်အထက် အရွယ် ဆယ်ကျော်သက်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနေခဲ့ပြီးသားပါ။

အခုအခါ အမေရိကန်မှာ အသက် ၅ နှစ်အထက် ကလေးတွေမှာပါ ဆေးထိုးပေးခဲ့တဲ့နောက် ကလေး ၈ ဦးက နှလုံးကြွက်သား ရောင်ရမ်းမှု ဖြစ်စဉ်တစ်မျိုး ကြုံခဲ့တာလို့ CDCက ဆိုပါတယ်။ အသက်ကြီးတဲ့ အရွယ်တွေမှာလည်း ဒီကိစ္စမျိုး ရှိကောင်း ရှိနိုင်ပေမယ့် လူ ၁ သန်းလောက် ကာကွယ်ဆေး ၂ ကြိမ်ထိုးမှ နှလုံးကြွက်သား ရောင်ရမ်းတာ ကြုံရသူ ၆၉ ဦးလောက်သာ တွေ့နိုင်တယ်လို့ CDCက မှတ်ချက် ပေးဖူးပါတယ်။

ကလေးတွေမှာ ဆေးထိုးပြီး နှလုံးကြွက်သား ရောင်ရမ်းတဲ့ ကိစ္စဟာ ကာကွယ်ဆေးနဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိမရှိ ဆိုတာကို ဆက်လက် စုံစမ်းသွားမယ်လို့ CDCက ဆိုပါတယ်။ အခု ပြဿနာဟာ အသက်အန္တရာယ် စိုးရိမ်ရတာမျိုး မဟုတ်ဘဲ အပျော့စား ကိစ္စမျိုးသာ ဖြစ်တယ်လို့လည်း CDCက မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြားအရွယ် ကလေးငယ် ၅.၁ သန်းက ကာကွယ်ဆေး ၁ ကြိမ် ထိုးထားပြီး ၂ ကြိမ်အပြည့် ထိုးထားတဲ့ ဦးရေကတော့ ၂ သန်းကျော်လောက်ထိ များပြားလာပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။