Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂွာတီမာလာမှာ မြေနေရာ လုကြရာက ကလေးတွေ အပါအဝင် ၁၃ ဦးထက်မနည်း သေဆုံး

လူတွေ ဘယ်လို ဘယ်ပုံ သေဆုံးကုန်သလဲ ဆိုတာကတော့ သတင်းတွေ ရှုပ်ထွေးနေဆဲဖြစ်ပြီး အများစုက လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် ဖြစ်လိမ့်မယ်လို့ ရဲတွေက ယူဆနေပါတယ်။ သေဆုံးသူတွေထဲမှာ ရဲတစ်ဦးလည်း ပါဝင်ခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဂွာတီမာလာ နိုင်ငံမှာ မြေပိုင်ဆိုင်မှု အငြင်းပွားရာက အစပြုတဲ့ ရန်ပွဲတွေအတွင်း ကလေးတွေ အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မြို့တော် ဂွာတီမာလာစီးတီးကနေ အရှေ့ဖက် မိုင် ၁၀၀ နီးပါးအကွာ၊ ချီကစ်ဆိုတဲ့ ကျေးရွာမှာ ဒီဇင်ဘာ ၁၈ ရက်က လူသတ်ပွဲတွေ ဖြစ်ခဲ့တာပါ။ သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထက်လည်း ပိုနိုင်ပြီး အတည်ပြုဖို့ ကြိုးစားနေကြောင်း၊ သေဆုံးသူတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လူတွေ ဘယ်လို ဘယ်ပုံ သေဆုံးကုန်သလဲ ဆိုတာကတော့ သတင်းတွေ ရှုပ်ထွေးနေဆဲဖြစ်ပြီး အများစုက လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် ဖြစ်လိမ့်မယ်လို့ ရဲတွေက ယူဆနေပါတယ်။ သေဆုံးသူတွေထဲမှာ ရဲတစ်ဦးလည်း ပါဝင်ခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အခုတော့ ရွာထဲကို ရဲအင်အား အလုံးအရင်း ပို့ဆောင် ဖြန့်ကျက်ထားပြီး အဓိက တာဝန်ရှိသူတွေကို စစ်ဆေး စုံစမ်းနေကြောင်း သိရပါတယ်။ အရင်ကတည်းက ရွာမှာ အပိုင်းနှစ်ခု ခြားထားပြီး မြေနေရာ လုတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီပြဿနာမျိုး အဓွန့်ရှည်လာတာ နှစ်ပေါင်း ၁၀၀ လောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ပြည့်နှစ်မှာ အစိုးရက နယ်မြေလုကြတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကြားဝင် ကိုင်တွယ်ဖို့ ကြိုးစားလာပေမယ့် ပြဿနာတွေက ချုပ်ငြိမ်း မသွားခဲ့ပါဘူး။ ချီကစ်မှာလည်း စနစ်တကျ မြေတိုင်း နေရာသတ်မှတ်မှုတွေ ပြုလုပ်ပေးထားပေမယ့် အခုလို ဆိုးဆိုးရွားရွားတွေ ထပ်ဖြစ်ခဲ့တာလို့ ရဲတွေက ပြောကြားခဲ့ပါတယ်။ ဒေသဆိုင်ရာ အစိုးရ အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး လူမဆန်တဲ့ လုပ်ရပ်လို့ ကန့်ကွက် ဝေဖန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။